တာချီလိတ် မြို့လုံခြုံရေးအတွက် CCTV အလုံး ၁၂၀ တပ်ဆင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တာချီလိတ် မြို့လုံခြုံရေးအတွက် CCTV အလုံး ၁၂၀ တပ်ဆင်မည်

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့တွင်း လုံခြုံရေးအတွက် CCTV ကင်မရာ (၁၂၀)လုံး တပ်ဆင်ထားမှုအား ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါလုံခြုံရေး CCTV ကင်မရာ အလုံး(၁၂၀) တပ်ဆင်ထားရှိမှု စင်တာကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ထားရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ ဆက်လက်တိုးချဲ့ တပ်ဆင်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသွားခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူများကျန်းမာရေး လေ့ကျင့်ခန်းအားကစားများ ပြုလုပ်နိုင်ရန်အတွက် ရွှေတိဂုံဘုရားနှင့် ပါဆတ်ရပ်ကွက် မိုင်းယွန်းဆီပန့်အနီး တပ်ဆင်လျက်ရှိသော အားကစား အထောက်အကူပြုပစ္စည်းများ တပ်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီပြီးစီးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •