တာရာမင်းဝေကွယ်လွန်ခြင်း ( ၁၃ ) နှစ်ပြည့်အမှတ်တရ  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကြယ်ကြွေ သတို့သား”
===============

သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်းမွေးခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ်လျှာနဲ့ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီ။

သူငယ်ချင်း
မင်းဟာ ကိုယ့်အရေပြားကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေတဲ့
ဟော့ဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံပြန်စိုက်တဲ့တစ်နေ့
ငါတို့ … … … ။ ။

မင်းကိုနိုင်

 

( ၂၀၀၇ သြဂုတ်လ ၇ ရက်နေ့က တာရာင်းဝေရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများကိုစား ကိုမင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုခဲ့တဲ့ကဗျာဖြစ်ပါတယ်။ ဒီကဗျာကို ‘တာရာမင်းဝေ အမှတ်တရစာစုများ စာအုပ်မှ ထုတ်ယူတင်ပြခြင်းဖြစ်ပါတယ်)

 

#YangonNation

 


Spread the love
  •  
  •  
  •  
  •  
  •  
  •