“တားမြစ်ပိတ်ဆို့မှုတွေကို အာခံဆန့်ကျင်ရင်း အင်အားပိုကြီးမားလာတဲ့ ထိုင်းနိုင်ငံက ဆန္ဒပြပွဲ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ထိုင်းနိုင်ငံမှာ ဆန္ဒပြသူတွေက လူစုလူဝေးကြီးနဲ့တားမြစ်ပိတ်ဆို့မှုတွေကိုအာခံဆန့်ကျင်”

 

October 17,2020

ဈေးဆိုင်တွေ၊ရုံးတွေ၊ကျောင်းတွေကထွက်လာကြတဲ့လူစုလူဝေးကြီးဟာလမ်းတွေပေါ်မှာ လျှံထွက်ကျနေပြီးလူပေါင်းသိန်းချီရှိနေပါတယ်။ထိတ်လန့်တုန်လှုပ်မှုတွေ၊ဒေါသတွေကိုထုတ်ဖော်ပြသနေပြီး ၊မထီမဲ့မြင်အာခံပြုမူတဲ့အဆင့်ထက်ကျော်လွန်နေကြပါတယ်။

ထိုင်းအစိုးရက ၅ယောက်(ဒါမှမဟုတ်)၅ယောက်ထက်ပိုပြီး မစုဝေးဖို့ရာတားမြစ်ပိတ်ပင်ချက်တွေ ကို ၃လကြာမြင့်လာပြီဖြစ်တဲ့ဆန္ဒပြပွဲတွေ အဆုံးသတ်သွားစေဖို့ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအတွက် မြို့တော်ရဲ့ အဓိကကျတဲ့နေရာမှာအခုအချိန်အထိ အကြီးကျယ်ဆုံးဖြစ်တဲ့ဆန္ဒပြပွဲကြီးတခုဖြစ်ပေါ်လာခဲ့ပါတယ်။

“ကျွန်တော်မကြောက်ပါဘူး၊အရေးပေါ်အခြေအနေရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ကျွန်တော့်မှာလွတ်လပ်မှုမရှိပါဘူး။” လို့ အသက်၂၆ နှစ်အရွယ်ရှိတဲ့ သရုပ်ဖော်ပန်းချီ ရေး ဆွဲသူ သာနာဖုန် ဒက်ကွန်ဖွန် ကပြောပါတယ်။သူကသူငယ်ချင်းတွေနဲ့ ဆန္ဒပြပွဲကိုဆင်နွှဲဖို့အလုပ်ကစောစောထွက်လာခဲ့တာဖြစ်ပါတယ်။

“ဒီတိုင်းပြည်မှာရှင်သန်နေထိုင်ဖို့ လွတ်လပ်မှုကိုလိုချင်တယ်။ မကောင်းမှုသံသရာထဲကလွတ်မြောက်တာကိုကျွန်တော်လိုချင်တယ်။”လို့သူကပြောပါတယ်။နိုင်ငံရေးအခြေခိုင်မာဖို့ကြိုးပမ်းတည်ဆောက်နေရတဲ့နှစ်တွေမှာ ဆန္ဒပြပွဲတွေဟာ ဂျူလိုင်လလယ်ကတည်းက စတင်ဖြစ်ပွါးလာခဲ့ပါတယ်။ဆန္ဒပြပွဲတွေဟာ အရင်စစ်ခေါင်းဆောင် ဝန်ကြီးချုပ် ပ ရာရွတ်ချန်အိုချာကိုဖယ်ရှားဖို့နဲ့ ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန်းရဲ့ တန်ခိုးအာဏာကိုကန့်သတ် ထိန်းချုပ်ဖို့အတွက် ဖြစ်ပွါးနေတာဖြစ်ပါတယ်။

“ဆန္ဒပြသူတွေနဲ့ နားလည်မှုရဖို့ ကျွန်တော်တို့ ဖန်တီးရလိမ့်မယ်”လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပါခိုင်ဆရီ က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ဆန္ဒပြခေါင်းဆောင်တွေဟာဆန္ဒပြသမားတွေကို သတင်းအချက်အလက်အပြည့်အစုံမပေးဘူးလို့လည်း ညည်းတွားပြောဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေကိုဖမ်းဆီးရလိမ့်မယ်လို့ပြောပါတယ်။သိန်းချီရှိနေတဲ့ ဆန္ဒပြသူတွေကို ဘယ်လို ဖမ်းဆီးတရားစွဲမလဲဆိုတာကိုတော့မရှင်းပြခဲ့ပါဘူး။

တော်ဝင်နန်းတော်ကတော့ ဆန္ဒပြသူတွေနဲ့သူတို့ရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးဝေဖန်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ဗုဒ္ဓဟူးနေ့တိုင်အောင် အစိုးရက စီတန်းလှည့်လည်တာတွေကိုခွင့်ပြုပေးထားပြီး၊တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမဲ့အရိပ်လက္ခဏါလည်းမပြခဲ့ပါဘူး။

ဒါပေမဲ့  ထိုင်းမိဖုရားနဲ့ထိုင်းဘုရင်တို့ သူတို့ရဲ့အချိန်တော်များများမှာနေထိုင်ခဲ့ကြတဲ့ ဥရောပက အပြန် အလည်အပတ်ခရီးစဉ်မှာ ထိုင်းမိဖုရား ဆုသီဒါရဲ့ အရေးကြီးပုဂ္ဂိုလ်များစီးနင်းလိုက်ပါလာခဲ့တဲ့မော်တော်ယာဉ်တန်းကိုဆန္ဒပြသူတွေက သရော်လှောင်ပြောင်ခဲ့ပြီးတဲ့နောက်မှာတော့ အခြေအနေတွေဟာပြောင်းလဲသွားခဲ့ ပါတယ်။

အစိုးရက အရေးပေါ်တားမြစ်အမိန့်တွေထုတ်ပြန်ဖို့ အတွက် အမျိုးသားလုံခြုံရေးအန္တရယ်အပြင်၊ ဆန္ဒပြပွဲတွေကြောင့်စီးပွါးရေးထိခိုက်မှာတွေ၊ကိုရိုနာဗိုင်းရပ်(စ်) ပြန့်ပွါးမှာစိုးရတာတွေကိုပါအကြောင်းပြချက်ပေးပြီးထောက်ပြပြောဆိုလာခဲ့ပါတယ်။

အဲ့ဒီ နောက်မှာတော့ ဆန္ဒပြသမားတွေကိုအကြမ်းဖက်ဖြိုခွဲတာတွေ အစိုးရကစတင်လုပ်ဆောင်ပါတော့တယ်။ပရါရွတ်ရဲ့ရုံးခန်းအပြင်ဘက်မှာအခြေစိုက်ထားတဲ့သပိတ်စခန်းတခုကိုအင်အားသုံးဖယ်ရှားခဲ့ပြီးဆန္ဒပြသူတွေကိုဖမ်းဆီးခဲ့ပါတယ်။လွန်ခဲ့တဲ့ အပတ်က လူ၄၀ ဝန်းကျင်အဖမ်းခံရတဲ့အထဲမှာဆန္ဒပြပွဲကိုဦးဆောင်သူခေါင်းဆောင် ၃ဦးလည်းပါဝင်ပါတယ်။

“မလိုအပ်ပဲ အလွန်အကျွံအင်အားသုံးမှု”

“နိုင်ငံတော်က ပြည်သူတွေအပေါ်မှာမလိုအပ်ပဲ အလွန်အကျွံ အင်အားသုံးချင်တာထင်ရှားပါတယ်”လို့အသက်၂၂နှစ်အရွယ် ကျောင်းသား ပက်တာနန် အရမ်ပရီချာဝတ်ကပြောပါတယ်။
သူဟာကြာသပတေးနေ့က ကျောင်းကနေစာသင်ပြီးချိန်မှာ ဆန္ဒပြပွဲထဲဆက်သွယ် ပါဝင်လာခဲ့သူဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ပရါရွတ်ကို သူ့နေရာကနေ ဖယ်ရှားမောင်းထုတ်ချင်ကြပါတယ်။သူဟာ ၂၀၁၄မှာစစ်အာသိမ်းပြီး အာဏာရယူလာခဲ့ပါတယ်။ပြီးတော့သူ့နေရာက်ိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ရွေးကောက်ပွဲစည်းမျဉ်းတွေကိုပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။ဒီစွတ်စွဲချက်ကိုသူကငြင်းဆန်ပါတယ်။

ကာလကြာရှည်တည်တံ့လာခဲ့တဲ့ မပြောအပ်၊မလုပ်အပ် ဆိုတဲ့တားမြစ်ပိတ်ပင်ချက်တွေကိုချိုးဖောက်ပြီး ၊ဆန္ဒပြသူတွေဟာ ဘုရင်စံနစ်ကိုစိန်ခေါ်လာကြပါတယ်။ဘုရင်စံနစ်ဟာ စစ်တပ်သြဇာလွှမ်းတဲ့ဆယ်နှစ်များစွာကို အမြစ်တွယ်ခိုင်မာလာစေခဲ့တယ်လို့ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ စျေးဆိုင်တန်းတွေ၊မိုးမျှော်အဆောက် အဦ ကြီးတွေရဲ့အရိပ်အောက်မှာလူသူစုရုံးကြပါတယ်။မျှော်စင်အဆောက်အဦတွေဟာနိုင်ငံသားအများအပြားရဲ့နေအိမ်ဖြစ်ပြီး ၊အရှေ့တောင်အာရှရဲ့ဒုတိယအကြီးဆုံးစီးပွါးရေးမှာ အခြားသောစီးပွါးရေးလုပ်ငန်းတွေဖြစ်ပါတယ်။

ဒါပေမဲ့ “ရက်ချာပရာဆွန် “ကန့်လန့်ဖြတ်ဝင်ရောက် ကြားဝင်တားဆီးမှုဟာ ဆန္ဒပြသမားတွေအတွက်မမေ့နိုင်စရာ သမိုင်းဝင် အတိတ်အာရုံတခုဖြစ်နေပါတယ်။၂၀၁၀ခုနှစ်မှာ ဆယ်စုနှစ်တခုကြာ ကသောင်းကနင်းဖြစ်စဉ်တွေအတောအတွင်းမှာ ရှေးရိုးသြဇာအာဏာကို ထောက်ခံတဲ့ ရှပ်ဝါတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ရှပ်နီတပ်ဖွဲ့
တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကြားဖြတ်ဝင်ရောက်နှိမ်နကြားဖြတ်ဝင်ရောသွေးထွက်သံယို မြင်ကွင်းတွေဖြစ်ခဲ့ရပါတယ်။

“ကျွန်တော်မကြောက်ပါဘူး။ကျွတော့်ကိုသေနတ်တွေနဲ့ နောက်ကလိုက်ဖမ်းဆီးတာခံရဖူးပါတယ်။”လို့အမဲသား ခေါက်ဆွဲရောင်းသူ သာဝတ် ကစ်ဂ်ျကွန် နာဆက်တီယန် ကပြောတယ်။သူဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တခုကဖြစ်ပွားခဲ့တဲ့

သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းမှု နဲ့၁၉၉၂ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အခြားနောက်တခုမှာကိုယ်တိုင်ပါဝင်ခဲ့တဲ့ အသက်၅၇ နှစ်အရွယ်စစ်ပြန် စစ်မှုထမ်းတယောက်ဖြစ်ပါတယ်။

“ကလေးတွေဘယ်နေရာသွားသွား ကျွန်တော်သွားမှာပဲ”လို့သူကဆန္ဒပြပွဲမှာ ဘီယာတဘူးကိုနည်းနည်း ချင်း စီသောက်နေရင်းကပြောပါတယ်။

နောက်ဆုံးထိုင်း ဆန္ဒပြ ပွဲတွေရဲ့ထူးခြားထင်ရှားတဲ့စရိုက်လက္ခဏါတခုကတော့ဆန္ဒပြပွဲတွေကို ကျောင်းသားတွေ၊ အခြားသောလူငယ်တွေက ဦးဆောင်ဆင်နွှဲလာကြပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင်အတော်များများဟာ ၂၀ကျော်အရွယ်တွေသာဖြစ်ကြပြီး၊ သူတို့ထက်ငယ်ထက်မျိုးဆက်သစ်လူငယ်တွေလည်း လိုက်ပါလာကြပါတယ်။

ကျောင်းမှာ နိုင်ငံတော်အမျိုးသားသီဆိုနေစဉ် လက်၃ချောင်းနဲ့အလေးပြုတာကနေသူတို့ရဲ့ဆံပင်တွေမှာဖဲကြိုးဖြူတွေစည်းနှောင်ထားတာ၊ကျောင်းလွယ်အိတ်တွေမှာ ဆန့်ကျင်တဲ့သင်္ကေတတွေရေးသားထားတာတွေအထိ ကျောင်းသားတွေဟာ ဆန္ဒပြဖို့စည်းရုံးလှုံ့ဆော်မှုတွေမှာ အလုံးအရင်းနဲ့ပါဝင်လာကြပါတယ်။

အများအပြားဟာ ကြာသပတေးနေ့ဆန္ဒပြပွဲမှာ ပါဝင်ဖို့ကျောင်းတွေထဲကထွက်လာခဲ့ကြပါတယ်။အဲ့ဒီသူတွေထဲမှာ စာမေးပွဲဖြေဆိုပြီးတာနဲ့ ဆန္ဒပြပွဲထဲမှာပါဝင်လာခဲ့တဲ့အသက်၁၈နှစ်အရွယ် ‘တန် ‘လည်းပါဝင်ပါတယ်။သူကနောက်ပိုင်းမှာတုန့်ပြန် လက်စားခြေအရေးယူခံရမှာ စိုးလို့သူ့ရဲ့နာမ်မည်အပြည့်အစုံကိုပြောပြဖို့ငြင်းဆန်ပါတယ်။

“ကျွန်တော် ဆန္ဒပြပွဲကို မသွားခင် စာမေးပွဲအတွက် အသေအချာ ပြင်ဆင်ခဲ့ပါတယ်။ကျွန်တော့်အတွက်နှစ်ခုစလုံးကအရေးကြီးပါတယ်”လို့သူကပြောပါတယ်။

“ကျွန်တော်တို့ ဒီအတိုင်းပဲ ဆက်သွားနေလို့မရဘူး။ အာ့တာဆိုရင် ဘယ်တော့မှ အဆုံးသတ်တော့မှာမဟုတ်ဘူး”လို့ သူကပြောပါတယ်။

Ref:FRANCE-24


Spread the love
  •  
  •  
  •  
  •  
  •  
  •