တိပိဋက အာဂုံပြန်၊ ရေးသားဖြေဆို အောင်မြင်ခဲ့ကြတဲ့ သံဃာတော်များကို ချီးကျူးပူဇော်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တိပိဋက အာဂုံပြန်၊ ရေးသားဖြေဆို အောင်မြင်ခဲ့ကြတဲ့ သံဃာတော်များကို ချီးကျူးပူဇော်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပခဲ့သော (၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကသုံးပုံကျမ်းအစုံကို အာဂုံပြန်ဆိုခြင်း၊ ရေးသားဖြေဆိုခြင်းမှာအောင်မြင်ခဲ့ကြတဲ့ သံဃာ တော်များကို ချီးကျူးပူဇော်ခြင်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဌသင်္ဂါယနာမဟာပါသာနာလိုဏ်ဂူသိမ်တော်ကြီးတွင် ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ၂၀. ၇. ၂၀၂၀ ရက် မနက် ၈ နာရီမှာ ကျင်းပခဲ့တဲ့
အဲဒီအခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပူဇော် ခဲ့ပါတယ်။


(၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံ ရေးဖြေအောင် (၁)ပါး၊ ပိဋကနှစ်ပုံခွဲအောင် (၁)ပါး၊ ပိဋက နှစ်ပုံရေးဖြေအောင် (၂)ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် (၄)ပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် (၅)ပါး၊ ပိဋက တစ်ပုံ အာဂုံအောင် (၂၄)ပါး၊ ဝိနည်းပထမပိုင်း ရေးဖြေအောင် (၉)ပါး၊ ဝိနည်းပထမပိုင်း အာဂုံအောင် (၆၀)ပါး စုစုပေါင်း (၁၀၆)ပါး တို့အား ချီးကျူးပူဇော်ခဲ့ပါတယ်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •