တိုက်ကွမ်ဒိုအားကစားခန်းမ အဆောက်အဦအား ဧရာဝတီစင်တာ လုပ်အားပေး စေတနာ့ဝန်ထမ်းများ နေထိုင်နိုင်ရန် အသုံးပြုခွင့်ပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တိုက်ကွမ်ဒိုအားကစားခန်းမ အဆောက်အဦအား ဧရာဝတီစင်တာ လုပ်အားပေး စေတနာ့ဝန်ထမ်းများ နေထိုင်နိုင်ရန် အသုံးပြုခွင့်ပေး

ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် COVID -19 လူနာများကို လက်ခံကုသပေးမည့် ဧရာဝတီ စင်တာအတွက် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြဟန်၊ ဇနီးဒေါ်ခင်စပယ်ကြည်နှင့် တာဝန်ရှိသူများ က သုဝဏ္ဏအားကစားကွင်း တိုက်ကွမ်ဒိုအားကစား ခန်းမ အဆောက်အဦအား ဧရာဝတီစင်တာ လုပ်အားပေး စေတနာ့ဝန်ထမ်းများ ယာယီ နေထိုင်နိုင်ရန်   စေတနာ ထက်သန်စွာဖြင့် ပံ့ပိုးကူညီ ပေးခဲ့ပါသည်။

ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟု ဧရာဝတီ ဖောင်ဒေးရှင်း ကသူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

Source – Ayeyarwady Foundation


Spread the love
  •  
  •  
  •  
  •  
  •  
  •