“တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်လို့ ဗီယက်နမ်မှာ ၈ယောက်သေ၊၄၂ယောက်ပျောက်ဆုံး”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်လို့ဗီယက်နမ်မြေပြိုမှုမှာ၈ယောက်သေ၊၄၂ယောက်ပျောက်ဆုံး”

October 29, 2020

ဟနွိုင်းမြို့၊ဗီယက်နမ် (AP)တိုင်ဖွန်းမုန်တိုင်း မိုလေ့(ဗ်) တိုက်ခတ်မှုကြောင့်ဗီယက်နမ် အလယ်ပိုင်းမှာ
လူ၈ယောက်သေဆုံးပြီး၊အနည်းဆုံး၄၂ယောက်ပျောက်ဆုံးနေတယ် လို့နိုင်ငံသတင်းဌာနတွေက သောကြာနေ့မှာ ဖော်ပြပါတယ်။

ကွာအန်နမ်ပြည်နယ် တောင်ဘက်အလယ်ပိုင်း ထရာဗန်မှာရှိတဲ့ ထရာဗန်ကျေးရွာမှာ မြေပြိုမှုတွေဖြစ်ပွါးခဲ့တာ
ကြောင့် ကယ်ဆယ်ရေးလုပ်သားတွေက တူးဖော်ဖယ်ရှားရာမှာ အလောင်း၈လောင်းတွေ့ရှိခဲ့ရတယ်လို့ ဗိယက်နမ် သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့ပါတယ်။

ထရာဗန် ကျေးရွာမှ ကီလိုမီတာပေါင်းများစွာကွာဝေးတဲ့ ထရာလန်း ကျေးရွာမှာလည်း နောက်ထပ်မြေပြိုမှုတခုဖြစ်ပွါးပြီး လူ၄၅ယောက်နေထိုင်တဲ့ နေအိမ်များစွာဟာ ဖုံးလွှမ်း နစ်မြုတ်သွားခဲ့ရပြီးလူ၄ယောက်အသက်ရှင်
လွတ်မြောက်ခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာအလောင်း
၃လောင်းရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်အခြား
သူတွေကိုကယ်တင်နိုင်ဖို့ဆက်လက်ကြိုးစားနေကြပါတယ်။
အစကနဦးသေဆုံးမှုသတင်းတွေက ဗီယက်နမ်တိုင်ဖွန်းမုန်တိုင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုဖော်ပြနေပါတယ်။ဗီယက်နမ်အရာရှိတွေက အနှစ်၂၀ အတွင်း
တိုင်းပြည်မှာတိုက်ခတ်ခဲ့တဲ့အဆိုးဆုံးမုန်တိုင်းတခုဖြစ်နိုင်တယ်လို့စိုးရိမ်နေကြပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ ဗီယက်နမ်ပြည်နယ်
အလယ်ပိုင်းကို အဖျက်အင်အားကြီးမားစွာနဲ့
တိုက်ခတ်ခဲ့ပြီး၊အနည်းဆုံးပြည်နယ်၃ခုဟာ
ဒီလအစောပိုင်းကရေလွှမ်းမိုးမှုမှာ အနည်းဆုံး
လူ၁၀၀ကျော်သေဆုံးခဲ့ပြီး၊အိမ်ခြေရာပေါင်းများစွာပျက်စီးဆုံးရှူံးခဲ့ရပါသေးတယ်။

Ref:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •