တိုင်းရင်းသားပါတီများနှင့် (၂၀၂၀)ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေ့ဆုံမူမှသည် အမျိုးသားညီညွတ်ရေးဆီသို့ –

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တိုင်းရင်းသားပါတီများနှင့် (၂၀၂၀)ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေ့ဆုံမူမှသည် အမျိုးသားညီညွတ်ရေးဆီသို့ –

(၂၀၂၀)ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်အထွေထွေရွေးကောက်ပွဲကျင်းပအပြီး၊
(၁၁.၁၁.၂၀၂၀) နေ့ရက်တွင် –
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ၊
ဒုတိယဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်မှ၊
လက်မှတ်ထိုးထုတ်ပြန်ချက်တစ်ရပ်နဲ့အတူ တိုင်းရင်းသားပါတီများထံ အချက်(၃) ချက်ပါသော၊ထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ကြေညာ၊ပေးပို့ခဲ့ပါတယ်၊
တိုင်းရင်းသားပြည်သူများသိသာကြပါစေရန် ထုတ်ပြန်ချက်များကို ပထမဦးစွာရေးသားတင်ပြပါရစေ၊

အကြောင်းအရာ – နောင်အနာဂတ်မြန်မာနိုင်ငံအတွက်ရှေးရှုရမည့်ပြညထောင်စုအရေးကိစ္စ၊
(၁) အထက်ပါအကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လူကြီးမင်းတို့၏ ပါတီသည်
(၂၀၂၀) ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့သောအထွေထွေရွေးကောက်ပွဲကြီးတွင် မိမိတို့ပြည်နယ်အသီးသီး၌ တက်ကြွစွာပါဝင်ဆင်နွဲခဲ့ကြသည်ကိုသတိမူမိပါသည်၊
အချို့သောပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကိုရရှိခဲ့ကြသော်လည်း၊
အချို့သောပါတီများသည် မိမိတို့၏ ရည်မှန်းထားသည့်အတိုင်းမဖြစ်လာခဲ့သည်ကိုလည်းသိရှိရပါသည်၊

(၂) မည်သည့်အခြေအနေသို့ရောက်သည် ဖြစ်စေ၊မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်၊
နောင်အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်၊

(၃) သို့ဖြစ်ပါရ၍ တိုင်းရင်းသားပါတီများ၏
ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ရည်မှန်းချက်များနှင့်တူညီသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်၊
တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်သည့်၊
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြလိမ့်မည်ဟုမျှော်လင့်ပါသည်၊
ဟူ၍ ရွေးကောက်ပွဲတွင်အနိုင်ရသောတိုင်းရင်းသားပါတီများအပြင်၊
ရွေးကောက်ပွဲတွင်အနိုင်မရရှိသော တိုင်းရင်းသားပါတီများထံသို့လည်းပေးပို့ နိူးဆော်တိုက်တွန်းခဲ့ပါတယ်၊
ထိုအချက်(၃)ချက်သည်မိမိတို့ပြည်ထောင်စုအရေး၏ ယနေ့ပစ္စုပန်နှင့်နောင်အနာဂတ် များအတွက် အရေးပါသည့်၊
ညီညွတ်သော နိုငံရေးနိူးဆော်ချက်ဖြစ်ပါတယ်၊
သေချာစွာဖတ်ကြကာ စဉ်းစားနိုင်ကြဘို့လိုအပ်ပါတယ်၊
ဘာဘဲဖြစ်ဖြစ် ဆော်ပလော်တီးလိုက်မယ်၊
ရိုးသားကြသော တိုင်းရင်းသားပါတီများကို မြှောက်ထိုးပင့်ကော်လုပ်လိုက်မယ်၊ပြောလိုက်မယ်၊ရေးလိုက်မယ်ဟဲ့ ဟု ဟန်ပြင်ထားကြသူများကိုလည်းတွေ့နေရပါတယ်၊
မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက် မှာလည်းဘဲ ၎င်းကဲ့သို့ နိုင်ငံရေး မနာလိုဝန်တိုမူများနဲ့ နိုင်ငံရေးမြှောက်ထိုးပင့်ကော်မူများနဲ့သာ အချိန်ကုန်လွန် ပင်ပန်းခဲ့ရပါတယ်၊
ဤဖြစ်စဉ်များကို အခြေခံလာပြီး၊နဘေးနားမှာကလည်း စစ်အာဏာရှင်စနစ်ဆီသို့ သွားဘို့ကလည်းဘဲ အရန်သင့်ဖြစ်နေ၊ရှိနေတာကိုလည်းခေတ်အဆက်ဆက်မှာ တွေ့ကြုံရင်ဆိုင်လာခဲ့ရပြီး၊
တိုင်းပြည်နှင့်ပြည်သူ ပြည်သားများကဘဲ၊နစ်နာဆုံးရှုံးခဲ့ကြရတာပါဘဲ၊ဆိုသည်ကိုမိမိတို့တိုင်းရင်းသားပြည်သူများကိုသိစေခြင်ပါတယ်၊
ယနေ့မိမိတို့နိုင်ငံ၏ အခြေအနေ အခင်းအကျင်း၊ဖြစ်စဉ်များအရ၊
အနိုင်ရပါတီသည်၊
(က) အနိုင်ရတိုင်းရင်းသားပါတီများနှင့် အရင်ဦးဆုံးတွေ့ဆုံ၊ဆွေးနွေး၊ပြောဆိုစနည်းနာရမှာဖြစ်ပါတယ်၊
ဤသို့စတင်တွေ့ဆုံမူတွင် အနိုင်ရတိုင်းရင်းသားပါတီများမှ ဒေသအတွင်းတိုင်းရင်းသားမိဘပြည်သူများက အနိုင်မဲများပေးခြင်းခံထားရသည့် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပါက ပိုမိုကောင်းနိုင်မည်ဟုယူဆကောင်း ယူဆပါလိမ့်မယ်၊
ဒါကိုလည်း အဖွဲ့ချုပ်မှ အနိုင်ရတိုင်းရင်းသားပါတီများကို အကြောင်းအချက်နှင့်
တကွရှင်းပြစာ သို့မဟုတ် အဖွဲ့ချုပ်မှ ပြည်နယ်အလုပ်အမှူဆောင်ကတဆင့်အရင်ဦးစွာ အကြောင်းကြားရှင်းပြနိုင်ဘို့လိုအပ်ပါတယ်၊
ထိုကဲ့သို့ပြုမူ ဆောင်ရွက်ပါလျှင် အနိုင်ရတိုင်းရင်းသားပါတီများက ပါတီအတွင်းဆွေးနွေးသဘောတူဆုံးဖြတ်ထားသော အချက် အလက်၊ညှိနိူင်းလိုမည့်အချက်အလက်များကို မိမိပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များလက်ထဲသို့ထည့်ပေးလိုက်၍ ဆွေးနွေးခွင့်အား ပါတီကိုယ်စားပြုကြရမှာပါ၊
သို့မဟုတ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်နဲ့အတူ မိမိပါတီမှ တစ်ဦး၊နှစ်ဦးစသည်ဖြင့်လိုက်ပါလိုပါတယ်ဆိုသည်ကို အဖွဲ့ချုပ်ကိုယ်စားပြုအဖွဲ့ထံသို့ အချိန်နဲ့တစ်ပြေးညီပြန်လည်အကြောင်းကြား ညှိနိူင်းကြပါလျှင် ပထမအဆင့်မှာ ဝင်းဝင်း(win win) အခြေအနေအောင်မြင်သွားမှာဖြစ်ပါတယ်၊

(ခ) အနိုင်ရတိုင်းရင်းသားပါတီများနှင့်စနည်းနာပြီးပါက ဒုတိယအဆင့်သက်ဆိုင်ရာဒေသအတွက် အလုပ်သဘောတွေ့ကာ အခြေအနေပေါ်မူတည်ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်၊

(ဂ) တွေ့ဆုံမူသည် တစ်ခါတည်းဖြင့် ဖြေရှင်းနိုင်မူမရှိပါဆိုသည်ကို နိုင်ငံတကာ ဖြစ်စဉ်များနဲ့အတူ မိမိတို့နိုင်ငံဖြစ်စဉ်များကို လေ့လာလျှင်သိသာ မြင်သာကြမှာဖြစ်ပါတယ်၊

(ဃ) သက်ဆိုင်ရာဒေသအတွင်း အတော်အတန် ဖြေရှင်း၊ညှိနိူင်းပြီးပါက၊ အနိုင်မရရှိသော တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံမူများကို ဆောင်ရွက်ကြမယ်လို့ ယူဆရပါတယ်၊

(င) တိုင်းရင်းသားဒေများ၌ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များသည်လည်းရှိနေကြပြီး၊
အနိုင်ရသောတိုင်းရင်းသားနိုင်ငံရေးပါတီ၊
အနိုင်မရသော တိုင်းရင်းသားပါတီများ၏ သဘောထားတစ်ခုထဲနှင့်လည်း ပြီးမြောက်မှာမဟုတ်ပါဆိုတာကိုလည်း မိမိတို့အားလုံးက
မြင်ကြဘို့လိုအပ်ပါတယ်၊

အဖွဲ့ချုပ်မှ ထုတ်ပြန်ပေးပို့သော စာမှာ နိုင်ငံရေးအရ ရှင်းရှင်းလင်းဖြစ်တာကိုတွေ့ရပါတယ်၊
တွေ့ဆုံမှုဆိုတာက အဖု အထစ်တွေတော့ရှိနေမှာဖြစ်ပါတယ်၊
တိုင်းပြည်အတွက် အဖု အထစ်တွေရှိလို့လည်း တွေ့ဆုံမှုဆိုတာရှိလာရတာမဟုတ်ပေဘူးလား၊

ဒါကို နိုင်ငံရေးသုံးသပ်သူအုပ်စု အထူးသဖြစ် ရန်ကုန်အသိုင်းအဝိုင်းမှ-
အဖု အထစ်များအား ပြေလည်စေမည့် ရေးသား၊ပြောဆိုမူများကို ဇောင်းပေးမူများမရှိပါဘဲ၊
အဖု အထစ်ကို ပိုမို ကြီးထွားလာစေမည့် ရေးသား၊ပြောဆိုမှုများကိုသာ တွေ့နေရပါတယ်၊

တွေ့ဆုံမည့်နေရာ ကိစ္စဆိုတာက ကြီးမားသောပြသနာတစ်ခုမဟုတ်ပါဘူး၊
ပထမအဆင့်နားလည်မူ လွဲနေကြခြင်းသာဖြစ်ပါတယ်၊
ဒါကို ပြသနာအကြီးကြီးအနေဖြင့် အစဆွဲထုတ်နေကြတာကိုလည်း၊ နိုင်ငံရေးသုံးသပ်သူများဆီမှ ညီညွတ်မှုများပျောက်သွား​ေအာင်ပြောဆိုသံ၊ရေးသား လှူံ့ဆော်မူဆန်ဆန်များကိုတွေ့မြင်၊ဖတ်ရှုကြမှာပါ၊
တကယ်မှာတော့ အဖွဲ့ချုပ်မှ အနိုင်ရတိုင်းရင်းသားပါတီများနဲ့ သနည်းနာ၊အကြိုတွေ့ဆုံမူတွင်ပါဝင်သူများမှာ နှစ်ဦးက လက်ရှိဝန်ကြီးချုပ်များဖြစ်ပြီး၊တစ်ဦးကလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်၊
သူတို့အတွက် လုံခြုံရေးအရလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်လို့ မြင်ပါတယ်၊
ဒါကိုတော့သိတ်ပြီးအကျယ်ချဲ့ရေးသားမူမလုပ်တော့ပါဘူး၊
သို့ပေမယ်လို့ ဒီဇင်ဘာလ(၂၈) ရက်နေ့မှာ ကျရောက်သည့် နဝမ(၉) ကြိမ်မြောက်၊
ရေးမြို့တွင်ကျင်းပသွားတဲ့ မွန်လူငယ်နေ့မှာ ထုတ်ပြန်လိုက်တဲ့သည့် အချက်တစ်ခုကို အကျဉ်းရုံးဖော်ပြပါရစေ၊
(၂၀၀၈)ဖွဲ့စည်းပုံအရလည်းကောင်း၊
ရွေးကောက်ပွဲဆိုင်ရာအနေအထားကြောင့်လည်းကောင်း၊
အာဏာရပါတီ၏ သဘောထားကြောင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ စိန်ခေါ်မူများနှင့် တစ်ဆို့မူနေရပါကြောင်း၊
ကိုယ့်ကံကြမ္မာကိုဖန်တီးရေးအတွက် တိုက်ပွဲဝင်နေသည့် မွန်ပြည်သစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီကို ကျွန်ုပ်တို့ မွန်လူငယ်များက ဝမ်းပမ်းတသာကြိုဆိုရုံမျှမက ကျွန်ုပ်တို့ မွန်လူငယ်တို့သမိုင်းပေးတာဝန်ကို မွန်ပြည်သစ်ပါတီနှင့်မွန်ညီညွတ်ရေးပါတီသို့ဝင်ရောက်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊
ပွင့်ပွင့်လင်းလင်းပြောရလျှင်
အသက်(၁၈) နှစ်ပြည်ံပြီးသူတိုင်း စစ်ပညာသင်ကြားပြီး၊မွန်အမျိုးသားလွတ်မြောက်ရေးတပ်တွင် ဝင်ရောက်အမူထမ်းရန်
တိုက်တွန်းအပ်ပါကြောင်း၊
ဆိုသည်ကိုတွေ့ရ၊ဖတ်ရပါတယ်၊
လက်ရှိမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းပြည်သစ်ပါတီသည်လည်း အစိုးရ၊တပ်မတော်တို့နှင့်တရားဝင်ဆွေးနွေးညှိနိူင်းဆွေးသဘောတူချက်မှာ စစ်အင်အားတိုးချဲ့မူမလုပ်ပါ ဆိုသည့်သဘောတူထားမူကို ဘယ်သူ၊ဘယ်အဖွဲ့အစည်းက တာဝန်ယူ၊တာဝန်ခံရမှာလည်း၊
အကယ်၍များ လက်ရှိ နိုင်ငံရေးရာထူးပေးအပ်ခန့်အပ်ခံထားခြင်းခံထားရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်များသည်လည်း အန္တရာယ်မရှိနိုင်ဘူးလား၊
အကယ်၍များဖြစ်လာပါလျှင် မိမိတို့နိုင်ငံမှာ မလိုလားအပ်တဲ့ ပြသနာများလည်း ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုမိမိတို့အားလုံးက
သတိထား သုံးသပ်ကြဘို့လိုပါလိမ့်မယ်၊
သို့ပေမယ်လို့ အဖွဲချုပ်ပါတီဝင် ဝန်ကြီးချုပ်များနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ဟာ သူတို့အတွက် ဖြစ်လာနိုင်ခြေရှိသော အန္တရာယ်ကို မစဉ်းစားကြပါဘဲ၊ ပြည်ထောင်စုကြီးညီညွတ်မူဖြစ်လာစေရေးကိုသာရှေးရှု ခရီးနှင်တာကို အားပေးကြရမှမဟုတ်ပါလား၊

တလက်စထဲ မွန်ပြည်နယ်၏ ဖြစ်စဉ်ကိုရှင်းပြပါရစေ၊
(၂၀၁၀) အထွေထွေရွေးကောက်ပွဲတွင်၊
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကဝင်ပြိုင်ရာ၊
ပြည်နယ်လွှတ်တော်၌ (၆) နေရာ၊
ပြည်သူ့လွှတ်တော်၌ (၃) နေရာ၊
အမျိုးသားလွှတ်တော်၌ (၄) နေရာ၊
စုစုပေါင်း(၁၃) နေရာတွင်အနိုင်ရရှိခဲ့သော်လည်း၊ အနိုင်ရပြီး၊အစိုးရဖွဲ့နိုင်ခွင့်ရရှိခဲ့သော၊
ပြည်ခိုင်ဖြိုးပါတီအစိုးရက၊
မွန်ပြည်နယ်တွင်(၁၃) နေရာအနိုင်ရရှိခဲ့သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား ပြည်ထောင်စုအစိုးရ၊သို့မဟုတ် ပြည်နယ်အစိုးအဖွဲ့တွင် တာဝန်ခွဲဝေ အပ်နှင်းခန့်အပ်ခြင်းမရှိခဲ့တာကိုတွေ့ပါတယ်၊
မွန်ပြည်နယ်အတွက် အသုံးစရိပ်ကို၊
(၂၂၄) ဘီလီယံကျပ်သုံးစွဲခဲ့တာကိုတွေ့ရပါတယ်၊

(၂၀၁၅) အထွေထွေရွေးကောက်ပွဲတွင်၊
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက၊
ချောင်းဆုံမဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊မဲဆန္ဒနယ်၊(၁) နေရာထဲသာလျှင်၊
ဒေါက်တာအောင်နိုင်ဦး(တိရစ္ဆာန်ဆရာဝန်)၊တစ်ဦးထဲသာ အနိုင်ရရှိခဲ့သော်လည်း၊
၎င်းအား အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၊
မွန်ပြည်နယ်လွှတ်တော်၊ဒုတိယဥက္ကဌနေရာကိုပေးအပ်ခဲ့သည်ကိုတွေ့ရပါတယ်၊

မွန်အမျိုးသားပါတီမှ၊
မုဒုံမဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊မဲဆန္ဒနယ်(၁)နေရာဖြစ်သော ဒေါက်တာမင်းကြည်ဝင်း(ခ) မင်းစိုးလင်းနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒအမှတ်၇) ရေးမဲဆန္ဒနယ်မှ ဦးနိုင်သီဟ တို့(၂) ဦးအနိုင်ရရှိခဲ့ပေမယ့်၊
အနိုင်ရပြီးအစိုးရဖွဲ့ခွင့်ရရှိသော ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၊
ဒေါက်တာမင်းကြည်ဝင်းအား သစ်တောနှင့်သယံဇာတပြည်နယ်ဝန်ကြီး၊
ပြည်နယ်အစိုးရအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ခွဲဝေပေးခဲ့သည်ကိုတွေ့ရပြီး၊

မွန်ပြည်နယ်အသုံးစရိပ်ကိုလည်း၊
(၆၃၉) ဘီလီယံကျပ်အထိတိုးမြှင့်သုံးစွဲစေခဲ့ပါတယ်၊
(၂၀၁၀) ပြည်ခိုင်ဖြိုးအစိုးရထက်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက၊
မွန်ပြည်နယ်အတွက် (၄၁၅) ဘီလီယံကျပ်၊
ပိုမိုသုံးစွဲစေခဲ့တာကိုတွေ့ရပါတယ်၊

ယခု(၂၀၂၀)ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ –
မွန်အမျိုးသားညီညွတ်ရေးပါတီက၊
ပြည်သူ့လွှတ်တော်(၂)ဦး၊
အမျိုးသားလွှတ်တော်(၃)ဦး၊
ပြည်နယ်လွှတ်တော်တွက်(၆)ဦး၊
အနိုင်ရရှိခဲ့ကာ၊မွန်ပြည်နယ်တွင်စုစုပေါင်း(၁၁)ဦး၊
(ကရင်ပြည်နယ်တိုင်းရင်းသားရေးရာတွင်တစ်ဦးအနိုင်ရရှိထားပါတယ်)၊

မွန်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ၊
ပြည်သူ့လွှတ်တော်(၈)ဦး၊
အမျိုးသားလွှတ်တော်(၉)ဦး၊
ပြည်နယ်လွှတ်တော်တွင်(၁၄)ဦးနှင့်၊
တိုင်းရင်းသားရေးရာ၌ (၃)ဦး၊
စုစုပေါင်း(၃၄)ဦးအနိုင်ရရှိထားပါတယ်၊
ပြည်နယ်လွှတ်တော်အတွင်း(၁၇)ဦးရရှိထားပါတယ်၊

မွန်ပြည်နယ်လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၈)ဦးရှိပါတယ်၊

သို့ပါသော အမှန်တကယ် အချက်အလက်၊အခြေအနေများကို လေ့လာသိရှိစေကြရင်းဖြင့် နောက်နောင်တွင် တိုင်းရင်းသားပါတီများမှတာဝန်ရှိသူများနှင့် အနိုင်ရပြီး၊အစိုးရဖွဲ့ခွင့်ရရှိထားပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးမူအဆင့်တိုင်းတွင် အဆင်ပြေနိုင်ပါစေကြောင်းနှင့် အပြန်အလှန် နားလည်မူများပေးနိုင်ကြပါစေကြောင်း၊
မိမိတို့အားလုံးသဘောတူဆုံးဖြတ်ထားကြပြီး၊
တစ်ဘောတည်းရှိနေကြပါသော၊
ဒီမိုကရေစီစနစ်ကိုခိုင်မြဲစေကာ၊
ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာ
စေရေးကိုရှေးရှုနိုင်ကြပါစေရန်အတွက်၊
ဆုမွန်ကောင်းတောင်းရေးသားလိုက်ပါတယ်။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၅.၁.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •