“တိုင်းရင်းသားအဖွဲ့များနှင့် CRPH”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တိုင်းရင်းသားအဖွဲ့များနှင့် CRPH –

ကျွန်တော်တို့နိုင်ငံ၏ ယခုအချိန်ကာလသည် ပြည်သူများမှ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော ရွေးချယ်ခံအစိုးရဆီမှ နိုင်ငံတော်အာဏာအား လက်နက်ကိုင်တပ်ဖွဲ့ကိုအသုံးချပြီး လုယူထားတဲ့အပြင် ၊
ပြည်သူလူထုမှ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားပြု ဥပဒေပြုကိုယ်စားလှယ်များ၏ ဥပဒေပြုခွင့်များကို တရားမဲ့ လုယူထားတာဖြစ်ပါတယ်၊
ထို့အပြင် အာဏာလု စစ်ကောင်စီ၏ လုပ်ရပ်များကို
ငြင်းပယ် ဆန္ဒဖော်ထုတ်နေကြသော
Gen Z လူငယ်များနှင့်အရပ်ရပ်သောပြည်သူများအားအကြမ်းဖက်သတ်ဖြတ်၊ဖမ်းဆီးနေပြီး၊
ပြည်သူအများကလှူဒါန်းထားပါသော ငွေကြေးများကို တရားလက်လွတ် ယူငင်နေကြတယ်၊
ဆိုသည်ကို မိမိတို့မြန်မာပြည်သူများနှင့်ကမ္ဘာ့ပြည်သူများက သိနေ မြင်နေ ကြားနေကြပါတယ်၊
ဤလုပ်ရပ် ဖြစ်စဉ်ကို မြန်မာပြည်တနံတလွှားနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် ကမ္ဘာ့နိုင်ငံများစွာက နေ့စဉ် အပြစ်တင် ရှုတ်ချလျက်ရှိနေပါတယ် ၊
မြန်မာနိုင်ငံတိုင်းရင်းသား နိုင်ငံသားပြည်သူများနှင့်
ကမ္ဘာ့နိုင်ငံအားလုံးမှ အာဏာလုစစ်ကောင်စီကိုလည်း မြန်မာနိုင်ငံအစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုမူလုံးဝ မရှိကြတာကိုလည်း မိမိတို့ပြည်သူလူထုက သိနေကြပါလိမ့်မယ် ၊
ပြည်သူ့အာဏာ
ပြည်သူထံပြန်လည်ရရှိရေးကိုအဖက်ဖက်က ကြိုးစား စွမ်းဆောင်နေကြသည်မှာလည်း မြန်မာ့ပြည်သူများနဲ့အတူ ကမ္ဘာ့နိုင်ငံများမှ ပူးပေါင်း အားဖြည့်ရန်ကြိုးစားနေကြပါတယ် ၊
ကုလသမဂ္ဂမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း (၂၆.၂.၂၀၂၁) ကုလသမဂ္ဂအထွေထွေညီလာခံမှာ –
စစ်တပ်အာဏာသိမ်းမူချက်ချင်းအဆုံးသတ်ရေး ၊
မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊
သမ္မတကြီးဦးဝင်းမြင့်နဲ့အတူ အခြားမတရားဖမ်းဆီးခံထားရသူများချက်ချင်းလွှတ်ပေးရေး၊
နိုင်ငံတော်အာဏာပြည်သူ့ထံ ပြန်လည်ရရှိရေး၊
ဒီမိုကရေစီပြန်လည်ရရှိရေး ၊
ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ၊
ကို မိမိတို့မြန်မာပြည်သူလူထု အလွှာအသီးသီးမှ ပြည်သူပြည်သားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့အတူလက်တွဲဆောင်ရွက်နေတာကို ပြောဆို၍ ကုလသမဂ္ဂကိုလည်းအသိပေးခဲ့ပါတယ် ၊
ပြည်သူသာအဓိက ၊
အရေးတော်ပုံအောင်ရမည် ၊ ဟုလက်သုံးချောင်းထောင်ကာ ပြောကြားခဲ့တာဖြစ်ပါတယ် ၊

အမေရိကန်က အာရှအင်အားကြီး ဂျပန်၊ဘြဇီ၊အိန္ဒိယ၊တောင်ကိုရီးယားတို့နဲ့ဆွေးနွေးထားကာ ရက်ပိုင်းအတွင်းထပ်ပြီးဆွေးနွေးပါလိမ့်မယ်၊
မလေးရှားကလည်း မြန်မာကို အာဆီယံက ယာယီထုတ်ထားဘို့၊
တောင်ကိုရီးယားလွှတ်တော်အမတ်(၇၂) ဦးကလည်းအာဏာလုစစ်ကောင်စီကို မလိုလားတဲ့သဘောထားလက်မှတ်ထိုးတောင်းဆိုလိုက်ပါတယ်၊
ထိုကဲ့သို့သဘောထားတောင်းဆိုမူတွေကလည်း အမေရိကန်၊ဗြိတိန်၊ဂျပန်၊ဘြဇီ၊အိန္ဒိယ၊ကနေဒါ၊ ပြင်သစ်၊ဂျာမနီစသည့် EU သမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးဖြစ်ပါတယ် ၊
စင်္ကာပူကိုလည်း EU နဲ့အမေရိကန်၊ဂျပန်တို့က ငွေကြေးဆိုင်ရာတွေကိုထိန်းချုပ်လိုက်ပြီလို့ယူဆရတယ်၊
ဒီအချိန်မှာ ” CRPH ” ကတိုက်ပွဲအတွက် ဥပဒေဘောင်ထူထောင်တာပါ၊
“CRPH ” ကလက်ရှိကာလမှာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်မှာ
တပ်ဦးဖြစ်ပါတယ် ၊
ခေတ္တဝန်ကြီး၊ခတ္တဒုတိယသမ္မတကိုခန့်တာက တရားဝင်နိုင်မူဘောင်ကိုချဲ့ရတာဖြစ်တယ်၊
နိုင်ငံတကာနဲ့ပြောဆိုဘို့က ဥပဒေအရတရားဝင်ဘို့လိုအပ်တယ်၊
အစိုးရတာဝန် လုပ်ငန်းစဉ်တွေ လုပ်နိုင်ဖို့ အစိုးရတာဝန်တွေကို ခေတ္တထမ်းဆောင်နေတဲ့
“Acting Government” ဖြစ်ပါတယ် ၊
ယာယီအစိုးရ “Temporaily Government” မဟုတ်သလို စင်ပြိုင်အစိုးရလည်းမဟုတ်ပါဘူး ၊
ဒါကြောင့် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးချယ်ခံအစိုးရက ပျက်ပြယ်သွားခြင်းမရှိပါဘူး၊
” CRPH ” ဟာ “တိုင်းရင်းသားအနိုင်ရပါတီ”များ၊အနိုင်ရမူနည်းသော်လည်း “ဒေသတွင်းတိုင်းရင်းသားပါတီ “များနှင့် ” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ” တွေနဲ့ အပြန်အလှန် ထောက်ခံ၊အားဖြည့် သဘောတူဘို့လိုပါတယ်၊
“တိုင်းရင်းသားပါတီများ”နဲ့ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့” တွေကလည်း ” CRPH ”
ကိုအပြည့်အဝထောက်ခံပေးဘို့လိုတယ်၊
ဒါက (၁) အချက်ပါ၊

တိုင်းရင်းသားရေးရာမူဝါဒက ” NLD ” လက်ထဲကို နိုင်ငံတော်အာဏာပြန်ရောက်မှသာ မူဝါဒရေးရာတွေကို ဆွေးနွေးညှိနိူင်းသဘောတူဆုံးဖြတ်အကောင်အထည်ဖော်ကြရမှာဖြစ်ပါတယ်၊
မူဝါဒတွေချမှတ်ထားပြီးလည်းဖြစ်ပါတယ် ၊

ခုအချိန်က တိုက်ပွဲကာလဖြစ်ပြီး၊
အနိုင်တိုက်ကြရမဲ့ပွဲဖြစ်ပါတယ်၊
လောလောဆယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့လိုလားချက်တွေကို “CRPH” ထံတရားဝင်စာနဲ့ပေနဲ့အသိပေးတင်ထားဘို့တော့လိုကောင်းလိုပါတယ်၊
” CRPH ” ကတိုက်ပွဲအတွက် ဘောင်တစ်ခုထူထောင်လိုက်တာဖြစ်ပါတယ်၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့သဘောထား တောင်းဆိုမူအားလုံးကို ဆုံးဖြတ်ပေးနိုင်မူ မရှိသေးပါဘူးဆိုသည်ကိုလည်း
“တိုင်းရင်းသားအဖွဲ့များ”နဲ့ ” CRPH ” က အချင်းချင်း နားလည်အသိအမှတ်ပြုထားကြဖို့လိုအပ်ပါတယ်၊
ဒါပေမယ်လို့ မိမိတို့မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကိုနောက်နောင် မပေါ်လာနိုင်အောင် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ” ၊
” CRPH ” ၊ “တိုင်းရင်းသားပါတီများ”က
မဟာမိတ်ထက် ပိုမိုရင်းနှီးတဲ့အဆင့်ထူထောင်ကြပြီး တိုက်ထုတ်ကြရမှာပါ၊
အချက်(၂) ဖြစ်ပါတယ်၊

တစ်လက်စတည်း NLD ပါတီ၏ (၂၀၂၀) အထွေထွေရွေးကောက်ပွဲ၌တိုင်းရင်းသားအရေးများကို
ဒေါ်အောင်ဆန်းစုကြည်၏အမည်ဖြင့် ထုတ်ပြန်ကြေညာချက်များကိုရေးသားတင်ပြပါရစေ ၊
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး၊
ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မူ စီမံကိန်း(MSDP ) တို့နှင့်အညီဖြစ်စေရန် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ဆောင်ရွက်မည် ၊
(၁) တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး၊
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်၊
(၂) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ချစ်ကြည်လေးစားရေးနှင့်ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေး၊
(၃) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖြေရှင်းနိုင်ရန် အပြန်အလှန် လေးစားမူရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြင့်ညှိနိူင်းအဖြေရှာရေး ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိရေး၊
(၄) ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ ထာဝစဉ်လက်တွဲနေထိုင်ရေး ၊
(၅) တိုင်းရင်းသားများ၏ စကား၊စာပေ၊အနုပညာ၊ယဉ်ကျေးမူ၊ရိုးရာ၊ဓလေ့ထုံးတမ်း၊အမျိုးသားလက်က္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကိုထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ၊
(၆) ပြည်နယ်၊တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး ၊
(၇) သဘာဝအရင်းအမြစ်များမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ်ပြည်ထောင်စုနှင့်အတူ ဒေသအလိုက် မျှတစွာ ခွဲဝေ ခံစားခွင့်ရရှိရေး ၊
တို့အား NLD ပါတီဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်၏ အမည်ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ် ၊
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး ၊
ဆိုသည့် ရည်ရွယ်ချက် ၊ကြေညာချက်အပေါ် ကိုလည်း NLD ကမျက်ခြေပြတ်ခဲ့မူ အလျဉ်းမရှိပါ ၊
ဆိုသည်ကို မိမိတို့တိုင်းရင်းသား ပြည်သူ အားလုံးကို အသိပေး အာမခံပါတယ် ၊

သို့ပါသော အကြောင်းအချက်များ၊
လက်ရှိဖြစ်ပေါ်ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်စဉ်များအား မိမိတို့အားလုံး အနိုင်ရကျော်လွှားနိုင်ကြရမှာပါ ၊

မိမိတို့မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်အုပ်စုက တပ်မတော်ကိုအသုံးချပြီး၊
အချိန်မရွေးအာဏာသိမ်းနိုင်သော စစ်အာဏာရှင်စနစ် ဓလေ့ဆုံးခန်းတိုင် ပျောက်ကွယ်စေဘို့
မိမိတို့အားလုံး၏ အယူအဆများကို တုံ့ဆိုင်း ဝေဝါးမူများမဖြစ်ကြရစေပါဘဲ ၊

ပြည်သူနိုင်မှ ဖြစ်မှာပါ ၊

အရေးတော်ပုံ အောင်ရမည် ၊

ယုံကြည်စွာဖြင့်. ကိုသိန်းဌေး ပဲခူး ၊
……….(၁၀.၃.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •