“တူရကီက အစ္စရေးနဲ့ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံနိုင်ရေးကြိုးပမ်းရှာဖွေနေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တူရကီက အစ္စရေးနဲ့ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံနိုင်ရေးကြိုးပမ်းရှာဖွေနေ”

December 26, 2020

တူရကီက အစ္စရေးနိုင်ငံနဲ့ပိုမိုကောင်းမွန်
တဲ့ဆက်ဆံရေးတည်ဆောက်ချင်ပေမဲ့ ပါလက်
စတိုင်းနိုင်ငံသားတွေအပေါ်မှာထားရှိတဲ့
အစ္စရေးနိုင်ငံရဲ့မူဝါဒတွေဟာ လက်ခံနိုင်ဖွယ်ရာမရှိဖြစ်နေတုန်းပဲလို့ သမ္မတ
တေယစ် အာဒိုဂန်ကသောကြာနေ့မှာ ပြောလိုက်ပါတယ်။
တူရကီ နဲ့ အစ္စရေးတို့ဟာ တချိန်က မဟာမိတ်တွေဖြစ်ခဲ့ကြပြီး မကြာသေးခင်နှစ်များမှာဆက်ဆံရေးဆိုးဝါးလာခဲ့ပါတယ်။
အန်ကာရာက အနောက်ဘက်ကမ်းပါးမှာအစ္စရေးသိမ်းပိုက်
ထားမှု နဲ့ပါလက်စတိုင်းတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီးထပ်တလဲလဲပြစ်တင်ပြောဆိုခဲ့ပါတယ်။
အစ္စရေး နဲ့ မွတ်ဆလင် ၄နိုင်ငံတို့
အကြား ပြန်လည်သင့်မြတ်သွားစေဖို့ အမေရိကန်ပြည်ထောင်စုက မကြာသေးခင်ကပွဲစားလုပ်ညှိနှိုင်းဆောင်ရွက်မှုကိုလည်းဝေဖန်ပြောဆိုခဲ့ပါတယ်။
“ပါလက်စတိုင်းမူဝါဒဟာ ကျွန်တော်တို့ရဲ့ အနီရောင်စည်းပါပဲ။အစ္စရေး
ရဲ့ပါလက်စတိုင်းတွေအပေါ်ထားရှိတဲ့မူဝါဒတွေဟာ ကျွန်တော်တို့အတွက်ဘယ်လိုမှ
လက်ခံဖို့မဖြစ်နိုင်ပါဘူး။”လို့ သောကြာနေ့က
အီစတန်ဘူလ် မှာဝတ်ပြုဆုတောင်းပြီးနောက်
အာဒိုဂန်က သတင်းထောက်တွေကို ပြောဆို
ခဲ့ပါတယ်။
“ထိပ်ပိုင်းအဆင့်တွေမှာ(အစ္စရေးနိုင်ငံမှာ)
ထုတ်ပြန်ကြေညာချက်တွေမရှိခဲ့ရင် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာအလွန်ကွဲပြားခြားနားသွားခဲ့နိုင်ပါတယ်။”လို့သူကပြောခဲ့ပြီး ၊နှစ်နိုင်ငံ စစ်ရေးအချက်အလက်သတင်းတွေဆက်လက်မျှဝေခဲ့တယ်လို့သူကထပ်ပြောပါတယ်။
“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုပိုပြီးကောင်းမွန်တဲ့အဆင့်တခုရောက်အောင်လုပ်ချင်ခဲ့မိကြမှာပါ။”လို့သူကပြောပါတယ်။အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကတော့အာဒိုဂန်ရဲ့ပြောဆိုချက်အပေါ်ဝေဖန်ချက်ပေးဖို့ငြင်းဆိုခဲ့ပါတယ်။

အစ္စရေးတပ်သားတွေဟာဂါဇာ နယ်စပ်ဒေသမှာဖြစ်ပွါးခဲ့တဲ့ပဋိပက္ခအတွင်းပါလက်စတိုင်းနိုင်ငံသားဒါဇင်ပေါင်းများစွာကိုသတ်ဖြတ်ခဲ့ပြီးတဲ့နောက် ၂၀၁၈ခုနှစ်မှာ
တူရကီ နဲ့ အစ္စရေးတို့ဟာ နှစ်နိုင်ငံသံအမတ်
များကို အပြန်အလှန်နှင်ထုတ်ခဲ့ကြပါတယ်။
ဒီနှစ်သြဂုတ်လက အီစတန်ဘူလ်မှာ
ဟားမာ့စ် အဖွဲ့ဝင်တဒါဇင်ကို တူရကီက
နိုင်ငံကူးလက်မှတ်တွေထုတ်ပေးခဲ့တယ် လို့
အစ္စရေးကစွတ်စွဲခဲ့ပါတယ်။ဒီလုပ်ဆောင်မှုဟာ
“အလွန်ကိုမိတ်ဆွေမပီသတဲ့ခြေလှမ်းတရပ်”
လို့ဖော်ပြပြောဆိုခဲ့ပါတယ်။
၂၀၀၇ခုနှစ်မှာပါလက်စတိုင်းသမ္မတ
မာမွဒ်အဘ်ဘတ်(စ်)ကိုသစ္စာခံတဲ့တပ်ဖွဲ့တွေ
ဆီကနေ ဂါဇာဒေသကို ဟားမာ့စ်တွေက
သိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီနေါက် ဒီအုပ်စုဟာ
အဲ့ဒီအချိန်ကစတင်ပြီးအစ္စရေးနိုင်ငံနဲ့ စစ်ပွဲ ၃ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ဟားမာ့(စ်)တွေဟာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲတွေကတဆင့်အာဏာရယူခဲ့တဲ့ တရားဝင်နိုင်ငံရေးလှုပ်ရှားမှု လုပ်ဆောင်နေတဲ့
အဖွဲ့တခုဖြစ်တယ်လို့တူရကီကပြောဆိုပါတယ်။

အစ္စရေးနိုင်ငံဟာ ယူအေအီး၊ဘာရိန်း၊
ဆူဒန်၊မော်ရိုကိုစတဲ့ မွတ်ဆလင်၄နိုင်ငံနဲ့
ဒီနှစ်ထဲမှာ တရားဝင်ဆက်ဆံရေးထူထောင်ခဲ့
ပါတယ်။အစ္စရေးနိုင်ငံက ဖြစ်နိုင်ရင် အာရှဒေသက ပဉ္စမမြောက် မွတ်ဆလင်နိုင်ငံနဲ့ပုံမှန်ဆက်ဆံရေးလုပ်နိုင်ဖို့ကြိုးစားဆောင်ရွက်နေတယ်လို့ ဗုဒ္ဓဟူးနေ့တုန်းက အစ္စရေးကပြောခဲ့ပါတယ်။

အန်ကာရာက အမေရိကန်ပြည်ထောင်စုကကြားဝင်စေ့စပ်ပေးတဲ့အပေးအယူကို အပြင်းအထန်ပြစ်တင်ပြောဆိုခဲ့ပြီး၊ဒီ့အရင်ကလဲ အာဒိုဂန်ဟာယူအေအီး နဲ့ သံတမန်ဆက်ဆံရေး ရပ်ဆိုင်းမယ်လို့ခြိမ်းခြောက်ခဲ့ပြီး သူ့နိုင်ငံကသံတမန်တွေကို ပြန်ခေါ်ခဲ့ပါတယ်။
တူရကီဟာ ဘာရိန်းရဲ့အစ္စရေးနဲ့ပုံမှန်ဆက်ဆံရေး
ထူထောင်ဖို့ဆုံးဖြတ်ချက်ကိုလည်း ပါလက်စတိုင်းလူမျိုးတွေရဲ့အရေးကိစ္စကိုအကာအကွယ်ပေးတဲ့ကြိုးပမ်းချက်တွေအပေါ်ထိုးနှက်ချက်တခုအဖြစ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အမေရိကန်ကစေ့စပ်ညှိနှိုင်းဆောင်ရွက် ပေးတဲ့ အပေးအယူတွေဟာ သူတို့ရဲ့နိုင်ငံတည်ရှိမှုကို အစ္စရေးကအသိအမှတ်ပြုပေးရန် ကာလကြာရှည်စွဲကိုင်လာတဲ့သူတို့ရဲ့တောင်းဆိုချက်တွေကိုသစ္စာဖောက်တာလို့ ပါလက်စတိုင်းတွေက ရှုမြင်ကြပါတယ်။
အီဂျစ် နဲ့အစ္စရေးဟာ ၁၉၇၉မှာအပြည့်အဝ ဆက်ဆံရေးထူထောင်ခဲ့ကြပြီး၊ ၁၉၉၄မှာ ဂျော်ဒန်နိုင်ငံနဲ့ဆက်ဆံရေး
ထူထောင်ခဲ့ပါတယ်။

*(အန်ကာရာ သည် တူရကီနိုင်ငံ၏မြို့တော်ဖြစ်ပါသည်၊ဘာသာပြန်သူ)
Red: (REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •