တူရကီ၊ အန်ကာရာမြို့ကို သဲမုန်တိုင်းဝင်ရောက်တိုက်ခတ်
တူရကီနိုင်ငံ အန်ကာရာကို စနေနေ့က သဲမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပြီး လေတွေကပြင်းထန်ခဲ့လို့ လူ (၆) ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
သဲနဲ့ဖုန်များရောနေတဲ့ မုန်တိုင်းကြောင့် အဆောက်အဦအတော်များများမှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ကြရပါတယ်။
မြို့ရဲ့ကောင်းကင်မှာ သဲနဲ့ဖုန်မှုန့် တိမ်တိုက်ကြီးက အုပ်မိုးထားပြီး လျှပ်စီးများလည်း လက်ခဲ့ကြောင်းသိရပါတယ်။
Source – AFP