“တူရကီ နဲ့ ဂရိမှာလှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် သေဆုံးသူ အရေအတွက်၁၀၀အထိရှိလာ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တူရကီ နဲ့ ဂရိမှာလှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့်
သေဆုံးသူ အရေအတွက်၁၀၀အထိရှိလာ”

November 3, 2020

 

ပုံစာ-တူရကီနိုင်ငံ၊အစ်ဇမာပြည်နယ်၊အေဂျီယန် ဆိပ်ကမ်းမြို့မှာ အောက်တိုဘာ၃၁ရက်နေ့ကငလျှင်လှုတ်ခတ်ခဲ့ပြီးနောက်ပြိုကျခဲ့တဲ့အဆောက်အဦးမှာ
အသက်ရှင်ကျန်ရစ်သူတွေကိုကယ်ဆယ်ရေး
သမားတွေကရှာဖွေနေကြပါတယ်။(ရိုက်တာ)
တိုင်းပြည်ရဲ့အနောက်ပိုင်းမှာ
အားပြင်းတဲ့ငလျှင်တခုလှုပ်ခတ်ခဲ့တာကြောင့်
တူရကီနိုင်ငံမှာသေဆုံးသူအရေအတွက်ဟာ
၁၀၀အထိရှိသွားပြီလို့ နိုင်ငံရဲ့ သဘာဝဘေးဒါဏ် နဲ့ အရေးပေါ် စီမံခန့်ခွဲရေး
အာဏာပိုင်အဖွဲ့ (AFAD)က အင်္ဂါနေ့ကပြောဆိုလိုက်ပါတယ်။ဂရိကျွန်းစုဆမ်မို့(စ်)မှာလည်းပဲ အနည်းဆုံး
ဆယ်ကျော်သက်၂ဦးသေဆုံးခဲ့ပါတယ်။
တူရကီအေဂျီယန်ကမ်းရိုးတန်းအလွန်မှာ
သောကြာနေ့မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့တဲ့
ငလျှင်ကြောင့် အနည်းဆုံးလူ၉၉၄ဦး ထိခိုက်
ဒါဏ်ရာရခဲ့တယ်လို့ AFADက တနင်္လာနေ့အစောပိုင်းမှာပြောခဲ့ပါတယ်။

ဂရိကျွန်းစု ဆမ်မို့(စ်) မြောက်ဘက်မှာ အဆောက်အဦးတွေပြိုကျပျက်စီးခဲ့ပြီး၊ကမ်းရိုးတန်းဒေသတွေ၊ကျွန်းစုတွေအပေါ်ကို ဒီရေလှိုင်းတွေ လွှမ်းမိုးရိုက်ခတ်တာကိုခံခဲ့
ရပါတယ်။လူ၂၂၀ဝန်းကျင်လောက်ဟာထိခိုက်ဒါဏ်ရာရတာတွေကိုဆေးကုသမှုခံနေရဆဲပဲဖြစ်ပါတယ်။
၂၀၁၁ခုနှစ်က အရှေ့ပိုင်းမြို့တော် ဗန်မှာလှုပ်
ခတ်ခဲ့တဲ့ လူ၅၀၀ကျော်သေဆုံးခဲ့တဲ့ငလျှင်ပြီး
ကတည်းက ၁၀စုနှစ်တခုနီးပါးအကြာမှာလှုပ်
ခဲ့တဲ့လူအသေအပျောက်အများဆုံး ငလျှင်တခုဖြစ်ပါတယ်။
“သောကြာနေ့မှာဘာဖြစ်ခဲ့သလဲ”
မဂ္ဂနီကျူ့ ပြင်းအား၆.၆ရှိတဲ့ငလျှင် ဟာ ဒေသစံတော်ချိန် ၁၄း၅၁( 11:51GMT)မှာ
တူရကီနိုင်ငံ အေဂျီယန်ကမ်းရိုးတန်းအလွန် နဲ့
ဂရိနိုင်ငံ ဆမ်မို့(စ်)ကျွန်းမြောက်ဘက်မှာ လှုပ်ခတ်ခဲ့တယ်လို့AFADအဆိုအရသိရပါတယ်။

အစ်ဇမာပြည်နယ်အနောက်ပိုင်း
ဆဖာရီဟစ်ဆာကမ်းရိုးတန်းအလွန်၁၇ကီလို
မီတာ၊အနက်၁၆.၅၄ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ တိုင်းထွာသိရှိရပါတယ်။
ငလျှင် ဟာ၂၁ ကီလိုမီတာအနက်မှာ ပြင်းအား၇.၀အထိရှိပြီးအေသင်နဲ့အစ္စတန်ဘူအထိ ငလျှင်လှုပ်ခတ်မှုကို ခံစားသိနိုင်ကာ ဆူနာမီအသေးစားလေးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။အစ်ဇမာ အနီးအနားကလမ်းတွေပေါ်မှာ ပင်လယ်ရေလှိုင်း ရုတ်တရက်လှိမ့်တက်လာပြီး
ရေလွှမ်းမိုးခဲ့ပါတယ်။လူဦးရေ၃သန်းခန့်ရှိတဲ့
တူရကီရဲ့မြို့တမြို့က အဆောက်အဦးတွေဟာ အုတ်ကျိုး အုတ်ပဲ့အစုအပုံတွေအဖြစ်ရောက်ရှိ
သွားခဲ့ရပါတယ်။ငလျှင်ကြောင့် အစ်ဇမာကစာသင်ခန်းတွေကို တပတ်အကြာရပ်နားထားမှာဖြစ်ပါတယ်။

Ref:(CGTN)


Spread the love
  •  
  •  
  •  
  •  
  •  
  •