တောင်ကြီးတက္ကသိုလ် Quarantine Center မှ အမျိုးသမီး တစ်ဦး သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တောင်ကြီးတက္ကသိုလ် Quarantine Center မှ အမျိုးသမီး တစ်ဦး သေဆုံး

တောင်ကြီး၊ စက်တင်ဘာ ၅

တောင်ကြီး တက္ကသိုလ် Quarantine Center တွင် ဝင်ရောက်နေသော အသက် ၃၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ထံမှ သိရသည် ။

 

“ဒီနေ့မနက်မှာ ဆုံးပါးသွားတာ ဖြစ်ပါတယ်။ သူရဲ့ကျန်းမာရေး အခြေအနေက အားနည်းတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဆီ စဝင်လာ ကတည်းက မောတယ်၊ သွေးအား နည်းတယ်လို့ ကျန်းမာရေးက သုံးသပ်တယ်။ သူကိုယ်တိုင် ကလဲ ခရီးပမ်းလာတယ်လို ပြောလာတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့လဲ စောင့်ကြည့်တဲ့ အနေအထားနဲ့ လိုအပ်တဲ့ ဆေးဝါး နဲ့ ဒါကိုပဲ ကျန်းမာရေးဌာနက ညွှန်ကြားခဲ့ပါတယ်။ ညပိုင်းရောက်တော့ အခြေအနေ ဆိုးလာတဲ့ အတွက် ကျွန်တော်တို့ ချက်ချင်း ဆေးရုံတင်ပါတယ်။ ဆေးရုံတင်ပြီးတော့ နာရီပိုင်းပဲ ကြာပါတယ်၊ ဆုံးပါးသွားတယ်။ အဓိက မေးကြည့်လိုက်တဲ့ အချိန်မှာ သွေးအားနည်းတယ်၊ နှလုံး သိပ်အားမကောင်းဘူးလို့ သိရပါတယ် ” ဦးဖြိုးမင်းထိုင်က ယင်းအမျိုးသမီး၏ ကျန်းမာရေး အခြေအနေကို ရှင်းပြသည်။

သေဆုံးသူ အမျိုးသမီး ထံမှ Swab ရယူထားနိုင်ပြီး သေဆုံးရသည့် အကြောင်းရင်းအား ဓါတ်ခွဲအဖြေ ထုတ်ပြန်မှသာ အတည်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘော်ကြို ကျေးရွာအုပ်စု ဟိုမော်စာ ကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့က မြ၀တီ ဝင်ပေါက်မှ ဝင်လာသူ ဖြစ်ကာ တောင်ကြီး တက္ကသိုလ်တွင် Quarantine ဝင်နေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

 

သေဆုံးသူ အမျိုးသမီး၏ မိသားစု၊ ဆွေမျိုးများထံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဆက်သွယ် အကြောင်းကြားသော်လည်း မလာရောက်နိုင်ကြောင်း အကြောင်း ပြန်သဖြင့် တာဝန်ရှိသူများမှ သဂြိုလ်ပေးရန် စီစဉ်လျှက် ရှိကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •