တောင်ပုတ်ကေကျေးရွာအနီးတွင် တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းအား AA အဖွဲ့တိုက်ခိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တောင်ပုတ်ကေကျေးရွာအနီးတွင် တပ်မတော်အုပ်ချုပ်မှု
ယာဉ်တန်းအား AA အဖွဲ့တိုက်ခိုက်

နေပြည်တော်၊ ဇူလိုင် – ၂၁

ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သင်တန်းသား အရာရှိ၊ စစ်သည်များ စီးနင်းလာသော တပ်မတော်အုပ်ချုပ်မှုယာဉ်တန်း တစ်ခုကို AA အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

ယမန်နေ့ ည ၉ နာရီခန့်က ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီး နေရာ ၆ နေရာမှ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက အချိန်မီသွားရောက် ပူးပေါင်း၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Source – တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •