တောင်ပေါ်မှာအသစ်တဖန်မွေးဖွားခြင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#တောင်ပေါ်မှာအသစ်တဖန်မွေးဖွားခြင်း
————————————
“#Born_again_on_the_mountain.”

🤾‍♀️ Arunima Sinha ဟာ 🇮🇳 အိန္ဒိယနိုင်ငံရဲ့ နိုင်ငံ့ဘော်လီဘော လက်ရွေးစင်ဟောင်း ဖြစ်ပါတယ်။ 2011, April 12 ရက်နေ့မှာ လုံခြုံရေးဝန်ထမ်း CISF သင်တန်းဝင်ခွင့်ဖြေဖို့ Lucknow ကနေ Delhi ကို ရထားဖြင့်ခရီးသွားပါတယ်။

ရိုးရိုးတန်းတွဲမှာ လုယက်သူတွေက သူမဆီက အိတ်နဲ့ ရွှေကြိုးကို #လုယက်ပြီးသူမကိုရထားပေါ်ကကန်ချလိုက်ပါတယ်။

ရထားပေါ်ကကျကျခြင်း ပြန်မထနိုင်ခင်မှာ တဖက်ရထားလမ်းက ရထားက သူမရဲ့ဒူးအောက်က တက်ကြိတ်သွားပါတော့တယ်။

🚞🚃🚃🚃🚃🚃 သူမဟာ ခြေထောက်နဲ့ ဆီးခုံမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးမေ့မျောသွားပါတော့တယ်။

သူမအတွက် အိတ်နဲ့ ရွှေကြိုးသာမက သူမရဲ့တက်လမ်းဘဝတစ်ခုလုံး လုယူခံလိုက်ရသလို ခံစားခဲ့ရပါတယ်။

ရဲကလည်း သူမရဲ့လုယက်ခံရမှုကို လိမ်ညာမှုအဖြစ်သာ စွပ်စွဲခဲ့ပြီး လုယက်သူတွေကို မိအောင်မကြိုးစားနိုင်ခဲ့ပါဘူး။

👉 အဆိုးဆုံးအခြေအနေမှာ #အဆိုးဆုံးကိုလက်မခံပဲသူမကဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။

🇮🇳 အိန္ဒိယပြည်သူတွေက သူမဘက်ကပါဝင်လာပြီး တတိုင်းပြည်လုံး ဒေါသထွက်ခဲ့တဲ့ ကိစ္စဖြစ်လာခဲ့ပါတယ်။

👉 နောက်ဆုံးတော့ အိန္ဒိယအစိုးရက လျော်ကြေးပေးတဲ့အပြင် သူမကို ရထားဌာနကရော လုံခြုံရေးဝန်ထမ်း CISF ကပါ အလုပ်စီစဉ်ပေးခဲ့ပါတယ်။

❤️ သူမဟာ ဆေးကုသမှုခံယူနေစဉ်မှာ သူမဘဝမှာ အရှုံးနဲ့ ဒုက္ခိတဘဝကို လက်မခံပဲ တစ်ခုခုအောင်မြင်အောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

👉👉 သူဘယ်နေရာမှာကျွမ်းကျင်လဲစဉ်းစားတော့ တောင်တက်တာ အခြေခံသင်တန်းမှာ တော်ကြောင်း သွားသတိရတယ်။ သူမရဲ့အကိုက ဧဝရတ်တောင်တက်ဖို့ အကြံပေးပါတယ်။

👉 ခြေတဖက်ပြတ်နဲ့ ရထားပေါ်ကကျတဲ့ ဒဏ်ရာနဲ့ ကုသမှုခံယူနေရသူ မိန်းခလေးတစ်ယောက်အတွက် ဘယ်လိုမှ အိမ်မက်တောင် မမက်ရဲတဲ့ ကိစ္စမျိုးကို သူမက သတ္တိရှိရှိ ရွေးချယ်ခဲ့ပါတယ်။ 👈

👉 သူမဟာ ကင်ဆာရောဂါကို အနိုင်မခံစိတ်ဓါတ်ကြံ့ခိုင်စွာ တိုက်ပွဲဝင်ခဲ့တဲ့ ခရစ်ကတ်ကစားသမား Yuvraj Singh ကို အားကျပြီး သူမဟာ ကမ္ဘ္ဘ္ဘာအမြင့်ဆုံးတောင်ကို မရရအောင်တက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

👉 လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်း စနစ်တကျစတင်ပြင်ဆင်ပါတယ်။ အိန္ဒိယအမျိုးသမီးတွေထဲက ပထမဆုံး ဧဝရတ်တောင်တက်ခဲ့တဲ့ Bachendri Pal ကို တယ်လီဖုန်းနဲ့မိတ်ဆက်ပြီး သူမဆီမှာ သင်တန်းတက်ဖို့ အပ်နှံခဲ့ပါတယ်။

👉 လိုအပ်တဲ့ကြိုးပမ်းအားထုတ်မှုတွေကို ဇွဲနပဲကြီးစွာနဲ့ ကြိုးစားပြုလုပ်ပြီးနောက် တစ်တောင်ပြီး တစ်တောင် စတင်လေ့ကျင့်တက်ခဲ့ပါတယ်။

🇮🇳 ⛰ ခြေထောက်ပြတ်ပြီး ၂ နှစ်အကြာ 2013, May 21 မနက် ၁၀ နာရီ ၅၅ မိနစ်မှာတော့ Arunima Sinha ဟာ ကမ္ဘ္ဘ္ဘာ့ပထမဆုံး ခြေတဖက်ပြတ် ဧဝရတ်တောင်တက်နိုင်သူ အမျိုးသမီးအဖြစ် အောင်လံလွှင့်ထူ နိုင်ခဲ့ပါတယ်။

💰သူမဟာရရှိခဲ့တဲ့ အစိုးရချီးမြင့်ငွေ ရူးပီး၂၅ သိန်းကို ဆင်းရဲသားနဲ့ မသန်စွမ်းသူတွေအတွက် အားကစားသင်တန်းကျောင်းထူထောင်ဖို့ လှုဒါန်းခဲ့ပါတယ်။

🏆🧗‍♀️ သူမဟာရရှိခဲ့တဲ့ အောင်မြင်မှုမှာရပ်မနေပဲ ကမ္ဘ္ဘ္ဘာ့တိုက်ကြီး ခုနစ်တိုက်ပေါ်က အမြင့်ဆုံးတောင်တွေကို တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

👉 ဥရောပရဲ့ အမြင့်ဆုံး Elburs of Russia, အာဖရိကရဲ့အမြင့်ဆုံး Kilimanjaro of Tanzania စတာတွေကိုတက်ခဲ့အပြီးမှာ နောက်ဆုံး ခုနစ်တိုက်အဖြစ် Antarctica ရဲ့ အမြင့်ဆုံး Mount Vinson ကို ဒီနှစ် 2019, January 4 မှာတက်ရောက်အောင်မြင်ခဲ့ပါတယ်။

👉 သူမဟာ သူမရဲ့ ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ ခုနစ်တိုက်စလုံးက အမြင့်ဆုံးတောင်တွေပေါ်မှာ အောင်လံတွေလွှင့်ထူနိုင်ခဲ့ပါပြီ။

👉 သူမအကြောင်းရေးထားတဲ့ “Born again on the Mountain” စာအုပ်ကို အိန္ဒိယဝန်ကြီးချုပ်မိုဒီကိုယ်တိုင် စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

Moral of the story
—————–
👉 ဘဝမှာ အဆိုးဆုံးအခြေအနေဖြစ်အောင် သေမင်းခံတွင်းဝကို ကန်အချခံခဲ့ရသော်လည်း ကမ္ဘ္ဘာ့အမြင့်ဆုံးတောင်တွေပေါ်ကို “ဆန္ဒ နဲ့ ကြိုးပမ်းမှုရှိရင်” ပြန်တက်ပြနိုင်ပါတယ်။

👉 ခြေထောက်ပြတ်သွားလို့ ဘော်လီဘောအားကစားသမားဘဝကို စွန့်လွှတ်လိုက်ရသော်လည်း ပိုမိုအောင်မြင်တဲ့ ကမ္ဘ္ဘာသိ တောင်တက်သမားဘဝအဖြစ် ပြောင်းလဲပြခဲ့ပါတယ်။

👉 မသေခင်တော့ ခြေတဖက်တည်းနဲ့လည်း ခြေရာကျန်အောင် လုပ်ပြနိုင်ပါကြောင်း။ 🐾

👉 သူများတွေက ကိုယ့်ဆီက လုယက်မှုဟာ ခဏတာသာဖြစ်ပြီး ကြိုးပမ်းအားထုတ်မှု၊ #စိတ်ဓါတ်ခိုင်မာမှုနဲ့ကိုယ့်ရဲ့အောင်မြင်မှုကိုမည်သူမှကိုယ့်ဆီကမလုယူနိုင်ပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
7-July-2019
🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆
(ကျနော့်ကို စာရေးရန် အခါခါတိုက်တွန်းသော ညီမငယ် Sui Rem “Sweet Rhyme’s Dairy” နဲ့ ကျန် လူငယ်တို့ အတွက်ရေးလိုက်ပါသည်။)


Spread the love
  •  
  •  
  •  
  •  
  •  
  •