“တောင်အာဖရိကမှာတွေ့ခဲ့တဲ့မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို ပြင်သစ်မှာမှာပဌမဆုံးစတင်တွေ့ရှိ”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တောင်အာဖရိကမှာတွေ့ခဲ့တဲ့မျိုးဗီဇပြောင်း
ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို
ပြင်သစ်မှာမှာပဌမဆုံးစတင်တွေ့ရှိ”

January 1,2021

တောင်အာဖရိကနိုင်ငံ မှာတွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်(စ်)ပိုးသစ်ကို
ပြင်သစ်နိုင်ငံမှာ ပဌမဆုံး
စတင်တွေ့ရှိခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။
501.V2မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်(စ်) ကို ဒီဇင်ဘာလလယ်လောက်မှာ တောင်အာဖရိက အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဗြိတိန် ၊ဂျပန် နဲ့ အခြားတိုင်းပြည်များ မှာလည်း ဒီမျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်(စ်)ပိုး ကိုတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
ဒီမျိုးဗီဇပြောင်းဗိုင်းရပ်(စ်)ပိုးသစ်ဟာ
ဗြိတိန်မှာ တွေ့ရှိရတဲ့ တခြားသော အသွင်ပြောင်းဗိုင်းရပ်(စ်)ပိုးသစ်လိုမျိုးပဲ
ကူးစက်မှုနှုန်းပိုမိုမြန်ဆန်မယ်လို့ယုံကြည်ရပြီး
ဒီပိုးကိုပြင်သစ်မှာအခုစတင်တွေ့ရှိခဲ့ရပါတယ်။
ဆွစ်ဇာလန်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့
ဟော့တ်ရင်းဒေသမှာရှိတဲ့သူ့ရဲ့နေအိမ်ကို
တောင်အာဖရိကနိုင်ငံကပြန်လာခဲ့တဲ့လူတယောက်ဆီမှာ ဒီမျိုးဗီဇအသွင်ပြောင်းဗိုင်းရပ်(စ်)ပိုးသစ်ကို
တွေ့ရှိခဲ့တာဖြစ်ပါတယ်။
တောင်အာဖရိကဟာ ကိုရိုနာဗိုင်းရပ်(စ်)
ရောဂါကို အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရတဲ့အာဖရိကနိုင်ငံတခုဖြစ်
ပါတယ်။ခုအချိန်အထိလူ ၁သန်းကျော်ရောဂါ
ကူးစက်နေကြပြီး ၂၆၀၀၀သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •