တံဆိပ်ရိုက်လုပ်ငန်းတွေမှာNLD ပါတီအလံ နဲ့ တီရှပ်တွေကို ပြည်သူအများ​အပြား လာရောက်ဝယ်ယူနေကြ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ နီးကပ်လာ ချိန်မှာ NLD ပါတီအလံတံဆိပ်  နဲ့ တီရှပ်အထည်တွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းလာတယ်လို့ တံရိုက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

မဟာတံဆိပ်ရိုက်လုပ်ငန်း ပိုင်ရှင် ကိုသိန်းတိုးက” မနက် နဲ့နေလည်မှာလည်းရောင်းမလောက်ဘူး ၊ညနေမှာလည်းအော်ဒါတွေချိန်းထားရ သေးတယ်၊ ဆိုင်မှာလည်းရိုက်နေကြသလို မြောက်ဒဂုံ မြောက်ဥကလာ တောင်ဒဂုံ မှာရှိတဲ့စက်ရုံ တွေမှာလည်းရိုက်နေကြတယ် ၊အော်ဒါနဲ့ ပစည်းအထွက်အလျှင်မမှီ ဝယ်ယူမှု့တအားများနေတော့ အရမ်းခက်ခက်ခဲခဲ ပြီး မျှပေးနေရတယ် ” လိုပြောပါတယ်

 

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက် အထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်အနီးတစ်ဝိုက်က တံဆိပ်ရိုက်လုပ်ငန်းတွေမှာ ပါတီအလံတံဆိပ်နဲ့ တီရှပ်တွေကို ပြည်သူအများစုက လာရောက်ဝယ်ယူတာတွေလည်း ရှိပါတယ်။ လက်ရှိ စျေးကွက်အနေအထားအရ အန်အယ်လ်ဒီပါတီ အလံတံဆိပ်နဲ့ တီရှပ်တွေက အများဆုံးရောင်းနေရတယ်လို့ သိရပါတယ်။

 

အခြားပါတီတွေကလည်း မဲဆွယ်စည်းရုံးရေးအတွက် ပါတီအလံ တံဆိပ်တွေ မှာယူတာအနည်းငယ်တော့ ရှိတယ်လို့ တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သူ တဦးကလည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ ရက်နေ့မှာ ပါတီအလံလွှင့်ထူဖို့ တိုက်တွန်း နှိုးဆော်ထားတာကြောင့် NLD ပါတီအလံတွေ လာရောက်ဝယ်ယူနေကြတာဖြစ်ပါတယ်။

 

 

ဓါတ်ပုံ – ဘိုဘို


Spread the love
  •  
  •  
  •  
  •  
  •  
  •