ထပ်ဆင့်အကယ်ဒမီလွင်မိုးက ၎င်းပိုင်ဆိုင်သည့် Paradiso Cinemas ရုပ်ရှင်ရုံ ၄ ရုံအား ကိုဗစ်စင်တာအဖြစ် အသုံးပြုရန်လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထပ်ဆင့်အကယ်ဒမီမင်းသား ဦးလွင်မိုးမှ ၎င်းပိုင်ဆိုင်သည့် Paradiso Cinemas ရုပ်ရှင်ရုံ ၄ ရုံအား ကိုဗစ်စင်တာအဖြစ် အသုံးပြုရန်လှူဒါန်း
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီမင်းသား ဦးလွင်မိုးကလဲ သူပိုင်ဆိုင်တဲ့ ရန်ကုန်မြို့က ပါရာဒီဆို ရုပ်ရှင်ရုံများကို ကိုဗစ်ကုသရေးစင်များအဖြစ် အသုံးပြုနိုင်ရန် လှူဒါန်းကူညီလိုက်တယ်လို့ ၎င်းရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျှင်၊ မြောက်ဒဂုံ ၊ မင်္ဂလာဒုံ (ပုလဲမြို့သစ်) နှင့် လှိုင်သာယာမြို့နယ်တို့မှာရှိတဲ့ Paradiso Cinemas ရုပ်ရှင်ရုံ ၄ ရုံအား ကိုဗစ်စင်တာအဖြစ် အသုံးပြုရန် လှူဒါန်းထားပါကြောင်း Paradiso Cinemas Paradiso facebook စာမျက်နှာမှ သိရပါသည်။

ရုပ်ရှင်ရုံများ၏ Lobby ခန်းမကျယ်တွင် Air con ၊ရေချိုးခန်း၊ အိမ်သာ၊ လုံခြုံရေးနှင့်သန့်ရှင်းရေး၊ မီးစက် ပြည့်စုံစွာဖြင့် လူ ၃၀ ဦးခန့်အေးဆေးစွာအနားယူနိုင်သည့် နေရာများဖြစ်ကြောင်း သတင်းရရှိပါသည်။

Ref: Lwin Moe Facebook Page
Ref: Paradiso Cinemas Paradiso Facebook Page


Spread the love
  •  
  •  
  •  
  •  
  •  
  •