“ထရန့် ရဲ့ကိုယ်ရေးအရာရှိ တယောက်မှာလည်းကိုဗစ်-19 ကူးစက်နေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ထရန့် ရဲ့ကိုယ်ရေးအရာရှိ တယောက်မှာလည်းကိုဗစ်-19 ကူးစက်နေ”

October 4,2020

အိမ်ဖြူတော်အထောက်အကူပြု ကိုယ်ရံတော် အရာရှိတွေထဲကတယောက်အပါအဝင်ဖြစ်ပြီး သမ္မတနဲ့ အနီးကပ်ဆုံး အလုပ်လုပ်ရသူ ကိုယ်ရေးအရာရှိတယောက်မှာလည်း ကိုဗစ်-19 ဗိုင်းရပ်(စ်) ကူးစက်နေတာစစ်ဆေးတွေ့ရှိရတယ်လို့အိမ်ဖြူတော်အရာရှိတယောက်ကCNN
သတင်းဌာနကိုအတည်ပြုပြောကြားပါတယ်။
သမ္မတရဲ့ကိုယ်ရေးအရာရှိ နီကိုလတ်(စ်)
လူနာဟာ သမ္မတရဲ့ကိုယ်ရံတော်တွေထဲက
တယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်က သမ္မတ
ဘယ်ကိုသွားသွား နေ့ရောညပါ သမ္မတရဲ့
နောက်က အတူလိုက်ပါနေရတာဖြစ်ပါတယ်။
သူဟာသမ္မတနဲ့ အမြဲတမ်းနီးစပ်ထိကပ်နေရသူတယောက်ဖြစ်ပြီး၊သောကြာနေ့မနက်အစောပိုင်းတုန်းက
သမ္မတထရန့်နဲ့ သမ္မတကတော် မီလန်နီယာထရန့်တို့မှာ ကိုဗစ်-19 ဗိုင်းရပ်(စ်)
ကူးစက်နေတာစမ်းသပ်စစ်ဆေး
တွေ့ရှိခဲ့ပါတယ်။သမ္မတကိုယ်ရံတော်တယောက်ရဲ့ လုပ်ငန်းတာဝန်တွေဟာ သမ္မတအတွက် စာရွက်စာတမ်းတွေ ပြောကြားဖို့မိန့်ခွန်းအကြောင်းအရာတွေကို
စီစဉ်ဆောင်ရွက်ပေးတာကနေ သမ္မတရဲ့အစည်းအဝေးမှတ်တမ်းတွေ
အော်တိုဂရပ်(ဖ်)စာအုပ်တွေမှာ သမ္မတလက်မှတ် ရေးထိုးနိုင်ဖို့အဆင်သင့်
ဖြစ်နေအောင်အထိ ပြင်ဆင်ဆောင်ရွက်ပေးရပါတယ်။
“ဘလွန်းဘာ့(ဂ််)” ကပဌမဆုံးစတင်သတင်းပေးပို့ခဲ့တာဖြစ်ပြီး၊ဒီသတင်းနဲ့ပတ်သက်လို့အိမ်ဖြူတော်က ဘာမှ
တုန့်ပြန်ပြောဆိုမှုမလုပ်ခဲ့ပါဘူး။
Ref: Breaking News(CNN)


Spread the love
  •  
  •  
  •  
  •  
  •  
  •