ထားဝယ်မြို.က အာဇာနည်နေ.အခမ်းအနား (Video)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထားဝယ်မြို.က အာဇာနည်နေ.အခမ်းအနား

ထားဝယ်မြို့၊ အာဇာနည်အထိမ်းအမှတ်ရင်ပြင်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ပါတယ်။





 

ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအား သတိရလွမ်းဆွတ်အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ် (၂)မိနစ် ငြိမ်သက်ဂုဏ်ပြုချိန်တွင် အာဇာနည်အထိမ်းအမှတ်ရင်ပြင်နှင့် အနီးဝန်းကျင်၌ ကြိုတင်စောင့်ဆိုင်း နေရာယူထားသည့် မီးသတ်ယာဉ်များက ဥဩဆွဲ၍ ဂုဏ်ပြုခဲ့ကြပါသည်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •