ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲ တရုတ်ဗုံးကြဲလေယာဉ်အုပ်စုကျူးကျော်ဝင်ရောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇹🇼 ထိုင်ဝမ်အနောက်တောင်ဘက်လေကြောင်းကာကွယ်ရေးဇုန်ထဲ 🇨🇳 #တရုတ်ဗုံးကြဲလေယာဉ်အုပ်စုကျူးကျော်ဝင်ရောက်မှုဖြစ်ပွား။

မနေ့က စနေနေ့က 🇨🇳 တရုတ်ပြည်မကြီးရဲ့ နယူးကလီးယားဗုံးကြဲချနိုင်တဲ့ H-6 ဗုံးကြဲလေယာဉ် (၈) စီးနဲ့ J-16 တိုက်လေယာဉ် (၄) စီးပါတဲ့အုပ်စုဟာ ထိုင်ဝမ်အနောက်တောင်ဘက်လေကြောင်းကာကွယ်ရေးဇုန်ထဲ ကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။

အခုလို အခြေအနေတင်းမာနေတဲ့အချိန်မှာ ဗုံကြဲလေယာဉ်နဲ့တိုက်လေယာဉ် #အုပ်စုလိုက်ကြီးဝင်ရောက်လာခဲ့တာပါ။

ခါတိုင်းက Y -8 ရေငုပ်သင်္ဘောဖျက်လေယာဉ်တစ်စီးစနှစ်စီးစဝင်လာတတ်ပေမယ့် အခုလို ဗုံကြဲလေယာဉ်အုပ်လိုက်ဝင်ရောက်လာတာမျိုး မရှိခဲ့ပါဘူး။

ထိုင်ဝမ်လေတပ်က သတိပေးနှင်ထုတ်ခဲ့ပြီး #လေကြောင်းကာကွယ်ရေးဒုံးကျည်များပစ်လွှတ်ကာ အသင့်စောင့်ကြည့်ခဲ့ပါတယ်။

🇺🇸 အမေရိကန်တာဝန်ရှိသူတွေက 🇹🇼 ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးဖိအားတွေပေးမယ့်အစား အဓိပ္ပာယ်ရှိတဲ့ဆွေးနွေးမှုမျိုးလုပ်ဖို့ 🇨🇳 တရုတ်ပြည်မကြီးကို သတိပေးခဲ့ပါတယ်။

#အားလုံးသိအောင်ဒေသတွင်းသတင်းအနေနဲ့ တင်ပေးခြင်းသာဖြစ်ပြီး ကျနော်အနေနဲ့ ထိုင်ဝမ်ဘက်ကရော တရုတ်ပြည်မကြီးဘက်ကရောမပါပါ။

မြန်မာပြည်နဲ့ မဆိုင်တဲ့ကိစ္စလို့ သဘောထားပါတယ်။ #ဒေသတွင်းအခြေအနေတော့ သိထားရပါမယ်။

💥 မီးပွားလေးတစ်ချက်ကနေ အခုလို ကိုဗစ်ကပ်အတွင်းမှာ 🔥 ဒေသအတွင်းမီးဟုန်းဟုန်းတောက်နိုင်ပါတယ်။

မတရားမှုတစ်ခုကို အားပေးအားမြှောက်ပြုတယ်လို့ မြင်တဲ့ ကွန်မန့်မျိုး၊ ရိုင်းစိုင်းတဲ့ကွန်မန့်မျိုးကို ဘန်းပါမယ်။

Richard Myo Thant
24-January -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •