ထိုင်ဝမ်သံအမတ်အား အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင်ဖိတ်ကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇹🇼 ထိုင်ဝမ်သံအမတ်အား 🇺🇸 အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ #ကျမ်းသစ္စာကျိန်ဆိုပွဲမှာတရားဝင်ဖိတ်ကြား။

🇺🇸 အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ သမ္မတအဖြစ်စစခြင်းနေ့မှာပဲ 🇹🇼 ထိုင်ဝမ်ကိုနေရာပေးဆက်ဆံခဲ့တာတွေ့ရပါတယ်။

ဒါဟာ 🇹🇼 ထိုင်ဝမ်ကိုယ်စားလှယ်ကို အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ #ပထမဦးဆုံးအကြိမ်တရားဝင်ဖိတ်ခေါ်ခဲ့ခြင်းပါ။

အရင်အမေရိကန်သမ္မတထရမ့်တုန်းကတောင် အဲ့ဒီလိုအရေးကြီးတဲ့ပွဲမှာ ဖိတ်ခေါ်ခဲ့ခြင်းမရှိပါဘူး။

🇹🇼 ထိုင်ဝမ်သံအမတ် ရှောင်ဘီခင်း (Hsiao Bi-Khim) ဟာ ထိုင်ဝမ်သမ္မတအမျိုးသမီး ဆိုင်အင်ဝမ် (Tsai Ing-wen) နဲ့နီးစပ်သူလည်းဖြစ်ပါတယ်။

ရှောင်ဘီခင်းဟာ 🇯🇵 ဂျပန်နိုင်ငံ ကိုဘေမြို့မှာ ထိုင်ဝမ်ဖခင်နဲ့ အမေရိကန်သူမိခင်ကမွေးဖွားခဲ့သူပါ။

ထိုင်ဝမ်မှာကြီးပြင်းခဲ့ပြီး အမေရိကန်မှာ နိုင်ငံရေးသိပ္ပံပညာသင်ကြားခဲ့သူပါ။

🇹🇼 ထိုင်ဝမ်အတွက်တနေ့မှာ သမ္မတဖြစ်လာနိုင်တဲ့ ထက်မြက်တဲ့အမျိုးသမီးလည်းဖြစ်ပါတယ်။

ထိုင်ဝမ်အနေနဲ့ သူဘယ်မှာမွေးသလဲနဲ့ သူထိုင်ဝမ်သွေး ၅၀ ရာနှုန်းပဲပါတာကိုမကြည့်ပဲ #ထိုင်ဝမ်အတွက်ဘယ်လောက်အကျိုးပြုမလဲ နဲ့ #ထိုင်ဝမ်နိုင်ငံသားတွေအကျိုးရှိအောင်ဘာလုပ်ပေးမလဲပဲကြည့်ခဲ့ပါတယ်။

သူဟာထိုင်ဝမ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရွေးကောက်ခံလွှတ်တော်အမတ်ဖြစ်ခဲ့ဖူးပြီး အခုလည်းထိုင်ဝမ်အတွက်အရေးကြီးတဲ့ပွဲမှာ ကိုယ်စားပြုတက်ရောက်ခဲ့ပါပြီ။

“Democracy is our common language and freedom is our common objective.” လို့ သူမကပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီဆိုတာအများသုံးဘာသာစကား၊ လွတ်လပ်ခြင်းဆိုတာအားလုံးရဲ့ပန်းတိုင်” ပါပဲတဲ့။

အခုဖြစ်ရပ်ဟာ 🇨🇳 တရုတ်ပြည်မကြီးအတွက် ထရမ့်စခဲ့တဲ့အနာပေါ် ဘိုင်ဒင်ရဲ့တုတ်ကျခဲ့တဲ့ဖြစ်ရပ်လားလို့ အားလုံးကစောင့်ကြည့်နေပါတယ်။

🇺🇸 အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Emily Horne က အမေရိကန်နဲ့ထိုင်ဝမ်ဆက်ဆံရေးဟာ ကျောက်တုံးလိုခိုင်မြဲတောင့်တင်းတယ်လို့ ဆိုလိုက်ပါတယ်။

“President Biden will stand with friends and allies to advance our shared prosperity , security and values in the Asia-Pacific region – and that includes Taiwan.”

သမ္မတကြီးဘိုင်ဒင်အနေနဲ့ (ထိုင်ဝမ်ပါပါဝင်တဲ့) အာရှပစိဖိတ်ဒေသက မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ အတူ ကျမတို့မျှဝေခံစားတဲ့ ချမ်းသာကြွယ်ဝခြင်း၊ လုံခြုံစိတ်ချရခြင်း စတဲ့တန်ဖိုးတွေကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ရာမှာ မားမားမတ်မတ်ရပ်တည်မှာဖြစ်ပါတယ်တဲ့။

သမ္မတဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရွေးချယ်ခံထားရသူ Antony Blinken ကလည်း အင်္ဂါနေ့တုန်းက သူ့အနေနဲ့ထိုင်ဝမ်နဲ့ဆက်ဆံရေးပိုကောင်းရန်ဆန္ဒရှိတယ်လို့ဆိုထားပါတယ်။

ပြီးတော့ ထရမ့်အနေနဲ့ ပေကျင်းအစိုးရအပေါ်တင်းမာတဲ့သဘောထားရှိတာ မှန်တယ်လို့လည်း ပြောခဲ့ပါတယ်။

ရီပါဘလစ်ကင်ဆီနိတ်ပြည်ပဆက်ဆံရေးကော်မတီချဲမန်းဖြစ်သူ Jim Risch ကလည်း အခုလိုထိုင်ဝမ်ကိုသမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ဖိတ်ကြားမှုအားကြိုဆိုခဲ့ပါတယ်။

ကျနော့်အနေနဲ့ အစိုးရအဖွဲ့သစ်က အခုလိုဖိတ်ကြားတာကိုကြိုဆိုပါတယ်တဲ့။

ပြီးတော့ အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးတိုးတက်အောင်လုပ်ပြီး ကျနော်တို့ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုတွေ၊ ဒေသနိုင်ငံရေးအခြေအနေမှန်တွေကို တုန့်ပြန်ဖို့လိုပါတယ်တဲ့။

🦷 ♠️

Richard Myo Thant
21-January -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •