ထိုင်းကကြိုးပမ်းနေတဲ့ COVID ကာကွယ်ဆေး လူမှာစစမ်းသပ်ဖို့ပြင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇹🇭 #ထိုင်းကကြိုးပမ်းနေတဲ့ကာကွယ်ဆေးလူမှာစစမ်းသပ်ဖို့ပြင်ပြီ။

ကျနော်တို့ဆီမှာလည်း Covid #ကာကွယ်ဆေးအစစ်ကိုလွယ်လွယ်ကူကူရရှိရေး ကြိုတင်စီမံချက်ချပြီး လေ့လာပြင်ဆင်သင့်ပါပြီ။

ထိုင်းနိုင်ငံ Chulalongkorn University က ကြိုးပမ်းနေတဲ့ Covid ကာကွယ်ဆေးကို လူမှာ 2020 ခုနှစ် နိုဝင်ဘာလမှာ စစမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။

 

လူပေါင်း 5000 အတွက် စမ်းသပ်ကာကွယ်ဆေးဆေး dose ပေါင်း 10000 ကို အမေရိကန်ပြည်ထောင်စု San Diego နဲ့ ကနေဒါနိုင်ငံ Vancouver မှာ ထုတ်လုပ်မှာဖြစ်ပါတယ်။

💉 အသက် 18 ကနေ 60 အတွင်း လူ 5000 ကို မတူညီတဲ့ ဆေး dose တွေပေးမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ FDA နဲ့ ethics committee ကနေ အတည်ပြုမှုမရမခြင်း ကာကွယ်ဆေးအထိုးခံမယ့် ဗော်လန်တီယာတွေကို လက်ခံစုဆောင်းမှာ မဟုတ်သေးပါဘူးတဲ့။

 

ထိုင်းနိုင်ငံရဲ့ BioNet-Asia ကုမ္ပဏီကတော့ အကယ်၍ #ကာကွယ်ဆေးအောင်မြင်ခဲ့ရင်အဆင်သင့်ဖြစ်အောင် ကာကွယ်ဆေးအမြောက်အများ ထုတ်လုပ်ရေးအတွက် လိုအပ်မှုတွေကို ပြင်ဆင်နေပြီဖြစ်ပါတယ်။

ထိုင်းရဲ့ Covid ကာကွယ်ဆေးဟာ အမေရိကန် Moderna က mRNA အမျိုးအစားဖြစ်ပြီး 🐒 မျောက်တွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်က ပြောထားတဲ့အတိုင်း ဒီအပတ်ထဲမှာ ရှေ့ဆက်တိုးမတိုးဆုံးဖြတ်တာ ဖြစ်ပါတယ်။

အစက ဇွန်လမှာ စတင်ပြီးလူမှာစမ်းသပ်ဖို့ ထုတ်လုပ်ဖို့ နဲ့ စက်တင်ဘာမှာ လူမှာစစမ်းသပ်ဖို့ ကြံရွယ်ခဲ့ပေမယ့် ထင်သလောက်မမြန်ခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ ထိုင်းရဲ့ Covid ကာကွယ်ဆေးဟာ အောင်မြင်ခဲ့ရင် 2021 ခုနှစ် ဩဂတ်စ်လလောက်မှာ ရရှိနိုင်မယ်လို့ မှန်းထားပါတယ်။

သဘောက အဲ့ဒီဆေး ထိုင်းမှာစရဖို့ တနှစ်တိတိထပ်ကြာနိုင်တယ်ဆိုတဲ့ သဘောပါ။

အခုအချိန်ထိ Covid ကာကွယ်ဆေးအပြိုင်လုပ်နေရာမှာ ရှေ့ဆုံးကအမြန်ပြေးနေသူကတော့ တရုတ်ပြည်က Sinovac Biotech ပဲဖြစ်ပါတယ်။

ဒီနေ့ပဲဖတ်လိုက်ရတဲ့ နောက်သတင်းတစ်ပုဒ်အရ Covid-19 strain 🦠 အမျိုးမျိုးကို တကယ်ပဲ ကာကွယ်မှုပေးနိုင်မယ့် စိတ်ချရတဲ့ဆေးကိုရဖို့ 2021 အတွင်းမှာရဖို့ဆိုတာ အခွင့်အလမ်းနည်းပါကြောင်း ပြင်သစ် epidemiologist Arnaud Fontanet က ပြောကြားသွားပါတယ်။

ပြီးပြည့်စုံတဲ့ကာကွယ်ဆေးထုတ်တယ်ဆိုတာ တကယ်တော့ တနှစ်နှစ်နှစ်ထက်ပို ကြာနိုင်တဲ့ လုပ်ငန်းစဉ်မျိုးပါတဲ့။

ကျနော်တို့ကတော့ ဘာဆေးရရ ရတဲ့ဆေးကိုယ့်ဆီ ရောက်ရင်ထိုးကြမှာပဲ။

အတုအစစ်တွေအဲ့အချိန်မှာ ရှုပ်ထွေးပြီးပြဿနာတက်မှာကို ကြိုတင်မြင်ယောင်မိနေပါတယ်။

နိုင်ငံတော်အနေနဲ့ ပြည်သူလူထုလက်ထဲ Covid ကာကွယ်ဆေး #အမှန်ကန်ဆုံးနဲ့အမြန်ဆုံး ရောက်နိုင်ဖို့ အခုထဲက “Covid vaccination plan” ချထားပြီး #လိုအပ်တဲ့လေ့လာမှုတွေလုပ်သင့်ပြီလို့ တိုက်တွနိးလိုက်ရပါတယ်။

💉 မကြာခင်ထွက်လာနိုင်တဲ့ ကာကွယ်ဆေးတွေရဲ့ စိတ်ချနိုင်မှုအခြေအနေ။

💉 ဘယ် manufacturer တွေက ဘာဆေးတွေထုတ်လာနိုင်သလဲ⁉️

💉 အတုအစစ်ကိစ္စကို ဘယ်လိုကြိုကာကွယ်မလဲ⁉️

💉 FDA နဲ့ တင်သွင်းမယ့်သူတွေရဲ့ အခန်းကဏ္ဍ။

💉 ကိုယ့်ဘာသာကိုယ် ဝယ်ထိုးလို့ရနိုင်မလား⁉️

ငါတို့နဲ့ချိတ်ဆက်မှအစစ်ဆိုရင် ငါတို့ကလည်း လက်ဝါးကြီးအုပ်မှုတွေကင်းဝေးအောင် ပြင်ဆင်ပေးပါ။

Covid ကာကွယ်ဆေးကိစ္စကို ကြိုတင်မြင်ယောင်နေပါတယ်။ လုပ်စားတွေကျိန်းသေပေါ်လာမှာပါ။

ကျနော်တို့က အရာရာမှာ နှောင့်နှေးကြံ့ကြာတတ်လွန်းလို့ ပြောရတာပါ။

💉 အခု #တုပ်ကွေးကာကွယ်ဆေးကိစ္စမှာတောင်လွယ်ကူသက်သာစွာဝယ်မရခဲ့လို့ပြောရတာပါ။

💉 🐘🐕 သူများတွေကာကွယ်ဆေးထိုးနေချိန်မှာ ကိုယ်တွေက မျှော်နေရတဲ့ အဖြစ်ကို မလိုချင်ပါ။

“ကြိုမြင်ပြီး ကြိုပြင်ထားကြပါ။”

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
13-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •