“ထိုင်းနိုင်ငံကဆန္ဒပြပွဲတွေမှာ သံဃာတော်တွေမပါဝင်ဖို့ သံဃာ့ကောင်စီကပြောဆို”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ထိုင်းနိုင်ငံကဆန္ဒပြပွဲတွေမှာသံဃာတော်တွေမပါဝင်ကြဖို့သံဃာ့ကောင်စီကပြောဆို”

November 12,2020

ထိုင်းနိုင်ငံမှာ ဘုရင်ဗာဂျီယာလောင်ကွန်းရဲ့အာဏာကိုလျှော့ချထိန်းချုပ်ဖို့ နဲ့ ဝန်ကြီးချုပ် ပရါရွတ်ချာအိုချာ
နှုတ်ထွက်ပေးဖို့တောင်းဆိုနေကြတဲ့ ဆန္ဒပြပွဲ
တွေမှာ သံဃာတော်တွေမပါဝင်ကြဖို့ ထိုင်းနိုင်ငံ
ဗုဒ္ဓဘါသာ သံဃာ့အဖွဲ့အစည်းက အမိန့်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြခြင်း၊နိုင်ငံရေးအမြင်တွေကို ဖော်ထုတ်ပြောဆိုခြင်းအပါအဝင်နိုင်ငံရေးကိစ္စ တွေမှာ ရဟန်းသံဃာတွေ၊သာမဏေငယ်တွေ ပါဝင်ပတ်သက်ခြင်း မပြုရဘူးလို့ ထိုင်းနိုင်ငံရဲ့သြဇာအာဏာ အမြင့်ဆုံး ဗုဒ္ဓ ဘာသာသံဃာ့ကောင်စီက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။”လို့ အစိုးရရဲ့နိုင်ငံတော်ဗုဒ္ဓ ဘာသာရုံးပြောရေးဆိုခွင့်ရှိသူက
ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာလူဦးရေ ၉၀ရာခိုင်နှုန်းကျော်ဟာဗုဒ္ဓဘါသာဝင်များဖြစ်ကြပြီး၊ဘာသာရေးကို နိုင်ငံတော်၊ဘုရင်စံနစ်နဲ့အတူ ထိုင်းလူ့အဖွဲ့အစည်းရဲ့ရိုးရာအစဉ်အလာ အဓိကမဏ္ဍိုင်တခုအဖြစ်သတ်မှတ်ယူဆထားကြပါတယ်။
ထောင်သောင်းချီတဲ့လူတွေပါဝင်တဲ့ဆန္ဒပြပွဲ
တွေမှာသံဃာတော်တွေကျယ်ကျယ်ပြန့်ပြန့်ပါဝင်နေတာမတွေ့ရပေမဲ့၊လူအုပ်တွေထဲမှာ
သင်္ကန်းဝတ်ရုံထားတဲ့သံဃာတော်တချို့ကို
တွေ့မြင်နေရပါတယ်။”ရဟန်းသံဃာတော်များရဲ့အသံတွေဟာ ရှေ့နောက်မညီညွတ်တာ၊မမှန်ကန်တာ ဘာမှမရှိဘူးဆိုတာ သူတို့ကိုသိစေချင်လို့ ကျုပ်ဆန္ဒပြပွဲတွေမှာ ဆက်ပါနေအုန်းမယ်။”လို့ ဆန္ဒပြပွဲ သုံးခုမှာ ပါဝင်ခဲ့တဲ့အသက်၂၁နှစ်အရွယ် သံဃာတော်ချစ်တ်နုပွန် ပရိုင်ပါရီက ပြောပါတယ်။

အခြားသောဆန္ဒပြသူတွေရဲ့တောင်းဆိုမှုတွေအပြင် နိုင်ငံရဲ့အမြင့်ဆုံးသံဃာ့ကောင်စီကို
လည်းပြန်ပြီးဖွဲ့စည်းစေချင်တယ်လို့ သူက
ပြောပါတယ်။အရင်နှစ်ကအငြင်းပွါးဖွယ်
ရွေးကောက်ပွဲတွေအပြီး အာဏာကိုဆက်လက်ဆုပ်ကိုင်ထားတဲ့ အရင်အာဏာသိမ်းစစ်ခေါင်းဆောင် ပရါရွတ်ကို
ဖယ်ရှားဖို့ ဆန္ဒပြသမားတွေကကြိုးပမ်းနေကြ
ပါတယ်။သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ
အသစ် နဲ့ စစ်တပ်ရဲ့ဆယ်စုနှစ်များစွာ အကြာလွှမ်းမိုးမှုကိုဖြစ်စေတဲ့ဘုရင်စံနစ်အုပ်ချုပ်မှု အာဏာကိုလျှော့ချဖို့ အလိုရှိနေကြ ပါတယ်။

ပရါရွတ်ရဲ့စစ်အစိုးရလက်ထက်မှာ သံဃာ့ကောင်စီက အခြားသံဃာတော်တပါးကိုသံဃမဟာနာယက အဖြစ်ရွေးချယ်ချင်ရင် တောင်မှ၊ အဲ့ဒီရွေးချယ်ခွင့်ကို ဘုရင့်ကိုသာပေးအပ်ထားခဲ့ပါတယ်။
ဝိနည်းစည်းမျဉ်းတွေအရထိုင်းသံဃာတော်
တွေဟာမဲပေးခွင့်မရှိသလို နိုင်ငံရေးမှာလည်း
မပါဝင်ဖို့တားဆီးထားပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်အကျော်က အိမ်နီးချင်း မြန်မာပြည်မှာ ဒီမိုကရေစီအရေးအတွက် ရဟန်းသံဃာတော်တွေ အလုံးအရင်း နဲ့ ပါဝင်ခဲ့သလိုမျိုး ထိုင်းသံဃာတော်တွေဟာ နိုင်ငံရေးမှာပါဝင်ပတ်သက် တာ မရှိခဲ့ပါဘူး။

ဒါပေမဲ့အခုလူထွက်ထားရပြီဖြစ်တဲ့
ဘုန်းတော်ကြီး ဗုဒ္ဓ ဣိဿယ ဟာ ၂၀၁၄ခုနှစ်တုန်းက အရွေးချယ်ခံထားရတဲ့အစိုးရကို ပရါရွတ်ကအာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ဘုရင်စံနစ်ဆန့်ကျင်ဆန္ဒပြ
ခေါင်းဆောင်တွေထဲမှာပါဝင်လာခဲ့ပါတယ်။
မွတ်ဆလင်လူနည်းစုတွေကို ကိုယ်စားပြုတဲ့ ထိုင်းနိုင်ငံရဲ့တရားဝင်အစ္စလမ်ဘာသာအဖွဲ့အစည်းတခုက အင်္ဂါနေ့မှာဘုရင်စံနစ်ကိုထောက်ခံပွဲတခု စုရုံးပြုလုပ်ခဲ့
ပါတယ်။

Source:Reuters/zl


Spread the love
  •  
  •  
  •  
  •  
  •  
  •