ထိုင်းနိုင်ငံတွင်ရထားနဲ့ဘတ်စ်ကားတိုက်ဖြစ်၊လူ၁၇ ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ထိုင်းနိုင်ငံတွင်ရထားနဲ့ဘတ်စ်ကားတိုက်မှုမှာ
လူများစွာသေဆုံးခဲ့”

October 12, 2020

ဘန်ကောက်အနီး ချာ ချိုအန် ဆို ပြည်နယ်မှာ ရထားတစီး နဲ့ ဘတ်စ်ကားတစီးတိုက်မိခဲ့ရာ အနည်းဆုံး ခရီးသည် ၁၇ယောက်သေဆုံးသွားခဲ့ပြီး၊၂၉ယောက်ဒါဏ်ရာရရှိခဲ့
တယ်လို့သိရပါတယ်။

 


ပုံစာ-ကယ်ဆယ်ဆယ်ရေးလုပ်သားတွေအစောပိုင်းရခဲ့တဲ့ပုံရိပ်တွေမှာ တွန့်လိမ်ကောက်ကွေးနေတဲ့ သတ္ထုနဲ့အပျက်အစီးအပိုင်းအစတွေ၊ရထားလမ်းတလျှောက်မှာ လူသေအလောင်းတွေ၊ပြန့်ကျဲနေတဲ့ပစ္စည်းတွေကိုတွေ့ရှိရပါတယ်။

ထိုင်းနိုင်ငံတွင် ရထားတစီးနဲ့ဘတ်စ်ကားတစီးတနင်္ဂနွေနေ့ကတိုက်မိခဲ့ရာမှာ အနည်းဆုံးလူ၁၇ယောက်သေဆုံးခဲ့ပြီး ဒါဇင်ကျော် ထိခိုက်ဒါဏ်ရာရခဲ့တယ်လို့ရဲအရာရှိတွေကပြောပါတယ်။
ဘတ်စ်ကားစီးခရီးသည်တွေဟာ မြို့တော်
ဘန်ကောက်ကနေ၂နာရီကြာခရီးအကွာမှာရှိတဲ့
ချာ ချိုအန် ဆိုပြည်နယ်ကဘုရားကျောင်းတခု
ကိုသွားနေတဲ့လမ်းမှာဖြစ်ပါတယ်။
သူတို့ဟာ “ဝါသ”လို့ခေါ်တဲ့(ဗုဒ္ဓ ဘာသာဥပုသ်လ အဆုံးသတ်) ဝါထွက်ပွဲတော် ကျင်းပဖို့သွားနေကြတာဖြစ်ပါတယ် လို့ဒေသရဲအရာရှိတယောက်ကပြောပါတယ်။
” အခုအချိန်အထိ ကျွန်တော်တို့ရရှိထားတဲ့သေဆုံးသူစာရင်း ဟာ၁၇ယောက်ရှိပါတယ်။မတော်တဆမှုဖြစ်ပွါးခဲ့တာခန့်မှန်းခြေအားဖြင့်နံနက်၈နာရီ(01:00GMT)လောက်မှာဖြစ်ပါတယ်” လို့သူက ထပ်ပြောပါတယ်။
နယ်အုပ်ချုပ်ရေးမှူး မိတ်ထရီ ထရီတီလန်နွန်က သတင်းထောက်တွေကိုအခုအထိ ထိခိုက်ဒါဏ်ရာရရှိသူ၂၉ယောက်ရှိတယ်လို့ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေ အစောပိုင်းရခဲ့တဲ့ပုံရိပ်တွေမှာ တွန့်လိမ်ကောက်ကွေးနေတဲ့ သတ္ထုနဲ့ အပျက်အစီး အပိုင်းအစတွေ ၊ရထားလမ်းတလျှော်လဲလျောင်းနေတဲ့လူသေအလောင်းတွေ ၊ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကိုတွေ့ရပါတယ်။ဘတ်စ်ကားဟာဘေးဘက်ကို တုံလုံးလဲနေပြီး အမိုးထိပ်ပိုင်းဟာ စုတ်ပြတ်ထွက်နေပါတယ်။
ဘတ်စ်ကားကိုမထူဖို့အတွက် ကရိန်းကားတစီး
လိုမယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေကပြောပါတယ်။

ပုံစာ-ဘန်ကောက်အရှေ့ဘက်ချာကိုအန်ချိုပြည်နယ်မှာရထားတစီးနဲ့ဘတ်စ်ကားတစီးတိုက်မှုဖြစ်ပွါးပြီးနောက် တုံးလုံးလဲနေတဲ့ ဘတ်စ်ကားအပျက်အစီးကို ထိုင်းပို့ဆောင်ရေး ဝန်ကြီးဌာနအရာရှိများစစ်ဆေးကြည့်ရှုနေပါတယ်။

ထိခိုက်သေဆုံးသူ အရေအတွက်ထပ်တိုးလာဦးမယ်လို့မျှော်လင့်ထားပါတယ်။ ကမ္ဘာ့ အန္တရယ်အများဆုံး
လမ်းတွေရဲ့ထိပ်ဆုံးစာရင်းမှာ ပုံမှန်ပါလာလေ့
ရှိတဲ့ထိုင်းနိုင်ငံမှာ ဒီလိုအသက်အန္တရယ်ရှိတဲ့မတော်တဆမှုတွေဟာဖြစ်နေကျပဲဖြစ်ပါတယ်။အရှိန်ပြင်းပြင်းမောင်းတာ၊မူးပြီးမောင်းတာ၊ဥပဒေကိုလိုက်နာမှုအားနည်းတာတွေကလည်းဒီလိုမျိုးမတော်တဆမှုတွေကို ဖြစ်ပွါးစေတဲ့အကြောင်းရင်းတွေပါပဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၈ ခုနှစ် အစီအရင်ခံစာအရ ယာဉ် မတော်တဆ ထိခိုက်သေဆုံးမှုနှုန်းမှာ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ မော်တော်ဆိုင်ကယ်သမားတွေ ဖြစ်ပေမဲ့ ကမ္ဘာလှည့် ခရီးသည် တွေ၊ရွှေ့ပြောင်းလုပ်သားတွေပါဝင်တဲ့ ဘတ်စ်ကား
တိုက်မှု သတင်းတွေဟာ သတင်းခေါင်းစဥ်
တွေအဖြစ် မကြာခန တွေ့မြင်ရတတ်ပါတယ်။
၂၀၁၈ခုနှစ် မတ်လမှတုန်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အပန်းဖြေအားလပ်ရက်ခရီးမှ ပြန်လာသူတွေ
ကို သယ်ဆောင်လာတဲ့ဘတ်စ်ကားတစီးဟာ
လမ်းချော်ထွက်ပြီး သစ်ပင်တပင်ကို
ဝင်တိုက်မိတာကြောင့် အနည်းဆုံး လူ၁၈ယောက်သေဆုံးသွားခဲ့ပြီး၊ဒါဇင်ပေါင်းများစွာ ထိခိုက်ဒါဏ်ရာရခဲ့ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •