ထိုင်းနိုင်ငံတွင် ညမထွက်ရအမိန့် ရုပ်သိမ်း၊ စီးပွားရေး လုပ်ငန်းများ ပြန်ဖွင့်ခွင့် ပြုတော့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထိုင်းနိုင်ငံတွင် ညမထွက်ရအမိန့် ရုပ်သိမ်း၊ စီးပွားရေး လုပ်ငန်းများ ပြန်ဖွင့်ခွင့် ပြုတော့မည်

ဘန်ကောက်၊ ဇွန် ၁၃

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း ချမှတ်ထားသော ညမထွက်ရ အမိန့်ကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းမည် ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများကိုလည်း ပြန်လည် လုပ်ကိုင်ခွင့် ပြုတော့မည် ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာလိုက်သည်။

နိုင်ငံအတွင်း၌ ပြည်တွင်း ကူးစက်မှု ၁၈ ရက် ဆက်တိုက် မရှိတော့ပြီးနောက် ဇွန် ၁၅ ရက်မှ စတင်၍ ကန့်သတ်ချက်များကို ဖြေလျှော့ပေးမည် ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin ကပြောသည်။

ထိုင်းနိုင်ငံတွင် ဇွန် ၁၂ တွင် ကူးစက်မှုသစ် လေးခု တွေ့ရှိပြီးနောက် ရောဂါ ကူးစက်ခံရသူ စုစုပေါင်းမှာ ၃၁၂၉ ဦးရှိသည်။

ကူးစက်မှု တွေ့ရှိသူ လေးဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာကြသူများ ဖြစ်ပြီး လက်ရှိတွင် သီးခြားထား စောင့်ကြည့် ကုသမှု ပြုလျက်ရှိနေသည်။

လက်ရှိ အချိန်ထိ ၁၈ ရက်အတွင်း ပြည်တွင်း၌ ရောဂါကူးစက်ခံရသူ မရှိတော့ကြောင်း ၊ သို့သော် ဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတိဝိရိယကို မလျှော့သင့်ကြောင်း Taweesin Visanuyothin ကပြောသည်။

မတ်လ အတွင်းမှစ၍ နိုင်ငံတစ်ဝန်း လော့ခ်ဒေါင်း ချမှတ်ပြီး နောက်ပိုင်း ညမထွက်ရသည့် အချိန် အပါအဝင် ပြန်လည် ဖြေလျှော့မှု လေးကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ညမထွက်ရ အမိန့်ကို ရုပ်သိမ်းလိုက်သော်လည်း ထိုင်းနိုင်ငံသို့ ရေကြောင်း၊ လေကြောင်းနှင့် ကုန်းကြောင်းမှ ဝင်ရောက်လာသူများကို ယခု လကုန်ထိ ကန့်သတ်ထားမည် ဖြစ်သည်။

နိုင်ငံတစ်ဝန်း ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းနှင့်အတူ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး ကျောင်းများ နှင့်အတူ နိုင်ငံတကာကျောင်းများ၊ ပညာရေး အင်စတီကျုများကိုလည်း ဇွန် ၁၅ ရက်မှစ၍ ပြန်ဖွင့်ခွင့်ကို ထိုင်းအစိုးရက ခွင့်ပြုထားသည်။

Photo: Reuters

#Peacock #COVID19


Spread the love
  •  
  •  
  •  
  •  
  •  
  •