ထိုင်းနိုင်ငံတွင် လိမ်လည်မှု ပြုလုပ်သည့် စားသောက်ဆိုင် ပိုင်ရှင်နှစ်ဦးကို ထောင်ဒါဏ် (၁၄၄၆) နှစ် ချမှတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဘန်ကောက်၊ ဇွန် ၁၁

ထိုင်းနိုင်ငံတွင် အများပြည်သူအပေါ် လိမ်လည်မှုဖြင့် စားသောက်ဆိုင် ပိုင်ရှင်နှစ်ဦးကို ထောင်ဒါဏ် ၁၄၄၆ နှစ် ကျခံရန် ထိုင်းတရားရုံးက အမိန့် ချမှတ်လိုက်သည်။

Laemgate ဟု အမည်ရသည့် ပင်လယ်စာ စားသောက်ဆိုင်သည် ကြိုတင် ငွေပေးချေရသည့် အစားအသောက် ပရိုမိုးရှင်း တစ်ခုကို အွန်လိုင်းတွင် လွန်ခဲ့သည့် နှစ်က ပြုလုပ်ခဲ့သည်။

လူပေါင်း နှစ်သောင်းကျော်သည် ထိုင်းဘတ် သန်း ၅၀ သို့မဟုတ် ဒေါ်လာ ၁ ဒသမ ၆ သန်းဖိုး ဘောက်ချာ များကို ဝယ်ယူခဲ့ကြကြောင်း ထိုင်း ပီဘီအက်စ် သတင်းဌာက ဖော်ပြသည်။

သို့သော် နောက်ပိုင်းတွင် အစားအသောက် မှာယူထားခြင်း များကို ဝန်ဆောင်မှု မပေးနိုင်တော့ကြောင်းနှင့် စားသောက်ဆိုင်ကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း စားသောက်ဆိုင် ပိုင်ရှင်များက ပြောဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အစားအသောက် ပရိုမိုးရှင်း ဝယ်ယူထားသူ လူ ရာပေါင်းများစွာက တိုင်ကြားခဲ့ ပြီးနောက် စားသောက်ဆိုင် ပိုင်ရှင် Apichart Bowornbancharak နှင့် Prapassorn Bowornbancha တို့ ဖမ်းဆီး ခံခဲ့ရသည်။

ထိုင်းနိုင်ငံတွင် လိမ်လည်မှု ကျူးလွန်သူများ အနေဖြင့် လက်ခံ ရရှိသည့် တိုင်ကြားစာ အပေါ် မူတည်ပြီး နှစ်ရှည်ထောင်ဒါဏ် ချမှတ်ခံရခြင်းများ ရှိခဲ့ဖူးပြီး ထိုင်းဥပဒေအရ အများပြည်သူ လိမ်လည်မှု အတွက် ထောင်ဒဏ်အနှစ် ၂၀ သတ်မှတ်ထားသည်။

Photo: Getty Images

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •