ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခေါင်းဆောင်ဦးဆောင်တဲ့ လက်ရှိအစိုးရကို ဖျက်သိမ်းရေး ဆန္ဒပြပွဲတွေ ဆက်ဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထိုင်းနိုင်ငံက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူငယ်တစုဟာ အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့က အစိုးရရုံးရှေ့မှာ ဒီနေ့ စုဝေးဆန္ဒပြခဲ့ကြပြီး ၀န်ကြီးချုပ် ပရာရွတ် ချန်အိုချာနဲ့ ဒု၀န်ကြီးချုပ်တို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ခဲ့ကြပါတယ်။

 

free youth လို့ခေါ်တဲ့ ထိုင်းလူငယ်တွေ တောင်းဆိုတာက

၁။ စစ်အာဏာသိမ်းခေါင်းဆောင်ဦးဆောင်တဲ့
လက်ရှိအစိုးရကို ဖျက်သိမ်းဖို့
၂။ လွှတ်တော်ကိုဖျက်သိမ်းဖို့၊
၃။ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ဖြစ်ပါတယ်။

 

ဒီနေ့ဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘန်ကောက်မြို့နဲ့ ထိုင်းနိုင်ငံက တခြားခရိုင်တွေမှာ ဖြစ်ပွားခဲ့တဲ့ လွတ်လပ်တဲ့ လူငယ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေထဲက တခုဖြစ်ပါတယ်။ လက်ရှိထိုင်း၀န်ကြီးချုပ် ပရာရွတ်အစိုးရအပေါ်မှာ ထိုင်းပြည်သူတွေရဲ့ အတိုက်အခံဆန္ဒပြမှုတွေဟာ မကြာသေးခင် လပိုင်းတွေအတွင်းမှာ ပိုများလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲကျင်းပပြီးချိန်ကစပြီး ဒုတိယအကြီးဆုံး အတိုက်အခံပါတီကို ထိုင်းတရားရုံးကဖျက်သိမ်းခဲ့တာကြောင့် လက်ရှိအာဏာရ ညွှန့်ပေါင်းအစိုးရအနေနဲ့ ပါလီမန်အတွင်းမှာ ပိုပြီးတော့ ခိုင်မာအားကောင်းလာခဲ့ပါတယ်။

 

ထိုင်းနိုင်ငံတ၀န်းမှာ အရေးပေါ်အခြေအနေကို လာမယ့် သြဂုတ်လအထိ ကြေငြာထားပေမယ့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကတော့ အဲဒီလိုအရေးပေါ်အခြေအနေကြေငြာထားတာဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွက် မဟုတ်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဖမ်းဆီးတာ မရှိသေးပါဘူး။


Spread the love
  •  
  •  
  •  
  •  
  •  
  •