ထိုင်းနိုင်ငံမှာ ဘုရင်စံနစ်ကို လူထုဆန့်ကျင်ဆန္ဒပြနေ 

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ထိုင်းနိုင်ငံ တော်လှန်ရေး”ဘုရင်စံနစ်ကို လူထုကဆန့်ကျင်ဆန့်ကျင်ဆန္ဒပြနေကြခြင်း

October 15, 2020

ဘန်ကောက် ဒူးဆစ်နန်းတော်က အမ်ဖွန်
ဆက်ထန်စံအိမ်ခန်းမဟာ ထိုင်းဘုရင်ရဲ့နန်းစိုက်ရာစံအိမ်ဖြစ်ခဲ့တာ ရာစုနှစ်တခုကျော်ကြာနေပြီဖြစ်ပါတယ်။
သူ့နာမ်မည်ကို ဘာသာပြန်ရင် “ကောင်းကင်က တော်ဝင်ပလ္လင်”လို့အဓိပ္ပါယ်ရပါတယ်။ဒါပေမဲ့ ဥရောပပုံစံ အိမ်တော်ကိုအမ်ဘရာစံအိမ်’လို့သိကြပါတယ်။

ခမ်းနားကြီးကျယ်တဲ့ဒီစံအိမ်မှာ ထိုင်းဘုရင်
မဟာဗာဂျီရာလောင်ကွန်းကိုမွေးဖွားခဲ့ ပြီးအဲ့ဒီမှါပဲသူဟာအိမ်ရှေ့မင်းသားဖြစ်ခဲ့ပါတယ်။၂၀၁၆ ခုနှစ်မှာ သူ့ဖခင် ဘုရင်ဘူမိဘော အဒူယာဒက် နတ်ရွာစံပြီးနောက်ထီးနန်းဆက်ခံဖို့ တရားဝင်ဘိတ်ခေါ်မှုကို လက်ခံခဲ့ပါတယ်။
ပါတယ်။အာ့တာကတော့လွန်ခဲ့တဲ့၄နှစ်က
အင်္ဂါနေ့တရက်မှာဖြစ်ပါတယ်။
ဗာဂျီရာလောင်ကွန်းဟာ နိုင်ငံရပ်ခြားမှာပဲ
အများဆုံးနေလေ့ရှိပြီး၊ ဒီအပတ်မှာ နန်းတွင်း
ရေးရာတွေဆောင်ရွက်ဖို့ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်လတွေမှာ အရေးပါလွန်းတဲ့ ဘုရင်စံနစ်နဲ့ အများပြည်သူတွေရဲ့စီစစ်မေးမြန်းတာတွေကနေ အကာအကွယ်ပေးထားတဲ့ဘုရင်တပါးကို
ထိုင်းလူငယ်မျိုးဆက်သစ်တခုက အစိတ်စိတ်
အမြွာမြွာ ဆုတ်ဖြဲပစ်လိုက်ပါတယ်။သူတို့ဟာ
အားကောင်းလွန်းတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေကိုပွင့်ပွင့်လင်းလင်းစိန်ခေါ်
နေကြပါတယ်။

ပုံစာ -၂၀၁၉ မေလတွင် မဟာဗာဂျီရာလောင်ကွန်း နန်းတက်ပွဲကျင်းပ
ပြီးနောက် ဘန်ကောက်မြို့ရှိခမ်းနားကြီးကျယ်သောနန်းတော်ကနေ ပြည်သူလူထုအားမိန့်ခွန်းပြောကြားနေပုံ

အင်္ဂါနေ့ကက ဘုရင်စံနစ်ဆန့်ကျင်တဲ့
ဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီမိုကရေစီ
အထိမ်းအမှတ်ကျောက်တိုင်နေရာမှာလုံးထွေးသတ်ပုတ်ကြပါတယ်။ဒီနေရာဟာဆန္ဒပြနေတဲ့
လတွေမှာလူထုတွေ့ဆုံစည်းဝေးရာနေရာတခု
ဖြစ်ခဲ့ပါတယ်။လူ၂၁ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
စီတန်းလှည့်လည်သူတွေဟာ
အထိမ်းအမှတ်ကျောက်တိုင် နားကလမ်းကို တစိတ်တပိုင်းပိတ်ဆို့လိုက်ပြီး
အတားအဆီးတွေချထားလိုက်ပါတယ်။
နောက်တော့ဗာဂျီရာလောင်ကွန်းရဲ့
ကားတန်းဟာ ဆန္ဒပြသူတွေ အနားကဖြတ်မောင်းသွားပါတယ်။

ဆန္ဒပြသူတွေက “ငါတို့ရဲ့သူငယ်ချင်းတွေကိုလွှတ်ပေး”
လို့အော်ဟစ်တောင်းဆိုကြပြီး၊Hunger Games ရုပ်ရှင်တွေထဲကလို ဆန့်ကျင်သူတွေရဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းနဲ့အလေးပြုပါတယ်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး
ကစ္စနာ ဖက်ထနာချာရိုအန် က ဆန္ဒပြသူတွေဟာ ခွင့်ပြုချက်မတောင်းခံလို့ဖမ်းဆီးတာဖြစ်ပြီး၊လူအများစုဝေးမှုဆိုင်ရာအက်ဥပဒေကို ချိုးဖောက်လို့ထိန်းသိမ်းတာ
ဖြစ်ကြောင်းအတည်ပြုပြောဆိုပါတယ်။

ပုံစာ- ရဲက ဆန္ဒပြ တက်ကြွလှုပ်ရှားသူ
ဂျာတူပက် ဘွန်ပက်တရာ ရက်ခ်ဆာ ကိုဖမ်းဆီးနေပုံ
ဆန္ဒပြသူတွေဟာဗုဒ္ဓဟူးနေ့မှာ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်မှာမှာစုရုံးပြီး ဝန်ကြီးချုပ်ရုံးကို ချီတက်ကာ အဲ့ဒီ မှာစခန်းချထားဖို့စီစဉ်ထားကြပါတယ်။သူတို့တွေရှေ့ဆက်သွားကြချိန်မှာ ဘုရင်စံနစ်ကိုထောက်ခံကြသူတွေကလည်းတန်ပြန်ဆန္ဒပြပွဲတွေလုပ်ဆောင်ကြဖို့စီစဉ်ထားကြပါတယ်။

ကွမ်းကျင်သူတွေက ဒီအပတ်မှာပြောခဲ့တာက အခြေခံဥပဒေအသစ်တခုရေးဆွဲဖို့၊ပါလီမန်
ဖျက်သိမ်းဖို့နဲ့ ဝန်ကြီးချုပ် ပရါရွတ်ချန်အိုချာနှုတ်ထွက်ဖို့တောင်းဆိုမှုတွေဟာ အရေးပါတဲ့အပြောင်းအလဲတခုကို
ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရရဲ့အကြပ်အတည်းဖြစ်နေတဲ့ခြိမ်းခြောက်မှုတွေရဲ့အဆုံးသတ်လည်းဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။လူအများအပြားကလည်း ဒီမိုကရေစီစံနစ်အောက်က စစ်မှန်တဲ့စည်းမျဉ်းခံဖွဲ့စည်းအုပ်ချုပ်ပုံဘုရင်စံနစ်ကိုတောင်းဆိုနေကြပါတယ်။

နတ်ရွာစံအရင်ဘုရင်ကြီးရဲ့နှစ်ပတ်လည်နေ့ဖြစ်သလို ဒီဗုဒ္ဓဟူးနေ့ဟာ ၁၉၇၃ ခုနှစ်တုန်းကစစ်အာဏာဏာရှင်စံနစ်ကို လူစုလူဝေးနဲ့ဆန်ုကျင်တော်လှန်ခဲ့တဲ့နှစ်ပတ်လည်
အထိမ်းအမှတ်နေ့လည်းဖြစ်နေပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •