ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၀၂ ဦး ဖားအံမှတဆင့် မော်လမြိုင်သို့ရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထိုင်းနိုင်ငံမှ ပြန်လာသူ၁၀၂ ဦး ဖားအံမှတဆင့် မော်လမြိုင်သို့ရောက်ရှိ

 

မော်လမြိုင် ဩဂုတ် ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့် ပညာရေး ကောလိပ် သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့်ဝင်ရောက် လာသော နေရပ်ပြန် ကျား(၅၀)ဦး နှင့်မ(၅၂)ဦး စုစုပေါင်း(၁၀၂)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။

 

ထိုသို့ Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေး ဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြု၊ တပ်ဖွဲ့အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်း တို့ဖတ်တို့ အားရယူ၍ COVID-19 ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တ တစ်ပတ်တွင်ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှ ယနေ့အထိ ပြည်ပ နိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၁၂၁၉၄) ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •