“ထုပ်ပိုးထားသောအေးခဲအသားတွေကနေ ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်နိုင်”ဟုတရုတ်ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ထုပ်ပိုးထားသောအေးခဲအသားတွေကနေ
ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်နိုင်”ဟုတရုတ်ပြော

October 19,2020

ရှင်သန်နေတဲ့ကိုရိုနာဗိုင်းရပ်(စ်) ပိုးသစ်တွေနဲ့ မသန့်မပြန့်ထုတ်ပိုးထားတဲ့ အေးခဲ အစားအစာတွေကိုထိတွေ့မှုကနေပြီး
ရောဂါကူးစက်တာတွေဖြစ်ပွါးနိုင်တယ်လို့
တရုတ်ရောဂါထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့က
စနေနေ့ကပြောဆိုခဲ့ပါတယ်။
ကျင်ဒေါင်းမြို့မှာလွန်ခဲ့တဲ့အပတ်ကဖြစ်ပွါး
ခဲ့တဲ့ရောဂါပြန့်ပွါးကူးစက်မှုတခုမှာဗိုင်းရပ်(စ်)
ကိုခြေရာခံလိုက်ဖို့ကြိုးပမ်းဆောင်ရွက်နေတုန်း
မှာ ငါးကြီးဆီထုတ်ယူတဲ့ငါးတွေရဲ့အထုပ်
အပိုးတွေအပေါ်ယံမှာ အသက်ရှင်သန်နေတဲ့ကိုရိုနာဗိုင်းရပ်(စ်)ပိုးတွေ
သီးခြားတည်ရှိနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ တရုတ်ပြည် ရောဂါ
ထိန်းချုပ်ရေးနဲ့တားဆီးကာကွယ်ရေးစင်တာ
(CDC)က သူရဲ့Websiteမှာပြောဆိုထားပါတယ်။
ကမ္ဘာမှာပဌမဆုံး အကြိမ် ဒီ ရှာဖွေတွေ့ရှိမှု
ဟာ အေးခဲကုန်ပစ္စည်းတွေကတဆင့် ခရီးဝေး
အထိဗိုင်းရပ်(စ်)ပိုးတွေကို သယ်ဆောင်သွားပြီး
ပြန့်ပွါးကူးစက်နိုင်တာကို ပြသနေပါတယ်။
ကျင်ဒေါင်း သင်္ဘောကျင်း အလုပ်သမား၂ဦး
အစကနဦး ရောဂါစမ်းသပ်ရှာဖွေမှုမှာ ရောဂါလက္ခဏါမပြသေးပဲ ရင်ဘတ်ပိုင်းဆိုင်ရာကုသတဲ့ဆေးရုံတရုံကို
ဗိုင်းရပ်(စ်)သယ်ဆောင်သွားခဲ့ပြီး၊ကွာရန်တင်း
ဝင်နေစဉ်အတောအတွင်းမှာ လုံလောက်တဲ့
ပိုးသတ်ဆေးနဲ့ကာကွယ်မှုမရှိတာကြောင့်
ဆေးရုံနဲ့ဆက်နွယ်နေတဲ့ အခြား၁၂ယောက်ကိုရောဂါကူးစက်သွားစေ
ခဲ့တယ်လို့ အာဏာပိုင်တွေက လွန်ခဲ့တဲ့အပတ်ကပြောခဲ့ပါတယ်။
ဒါပေမဲ့ CDCရဲ့ လွန်ခဲ့တဲ့အပတ်က ထုတ်ပြန်ချက်မှာ သင်္ဘောကျင်း အလုပ်သမား၂ယောက်ဟာ အေးခဲကုန်ပစ္စည်း
အထုပ်တွေကနေ တိုက်ရိုက်ပိုးကူးစက်ခဲ့တာလို့ခိုင်မာတဲ့
သက်သေ မဖော်ပြနိုင်ခဲ့ပါဘူး။ဗိုင်းရပ်(စ်)ဟာ
တခြားနေရာကကူးစက်တာမျိုးလည်း ဖြစ်နိုင်
သေးပြီး၊နောက်ပိုင်းမှာတော့သူတို့ဟာ မသန့်
ရှင်းတဲ့အေးခဲပစ္စည်းအထုပ်တွေကို ထိတွေ့
ကိုင်တွယ်ခဲ့တယ်လို့ ဟောင်ကောင်တက္ကသိုလ်
က ဗိုင်းရပ်(စ်) ပိုးဆိုင်ရာပါမောက္ခ ဇင်ဒွန်ယန်
ကပြောပါတယ်။
အေးခဲအစားအစာတွေကိုထိတွေ့
ကိုင်တွယ်မိလို့ရောဂါကူးစက်ခံရတဲ့ဘယ်စား
သုံးသူမှ ဥပမာပြစရာမတွေ့ရသေးဘူး၊ဒီလိုမျိုးအန္တရယ်ဖြစ်နိုင်ခြေကအတော်လေးကိုနည်းလွန်းပါတယ်လို့CDCကပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အေးခဲအစားအစာတွေကို
ထိတွေ့ကိုင်တွယ်အလုပ်လုပ်ရတဲ့အလုပ်သမားတွေ၊ဒီအစါးအစာတွေကိုရောင်းချကြတဲ့
သူတွေဟာ ဒီ ညစ်ညမ်းနေနိုင်တဲ့ ကုန်ပစ္စည်းတွေကို လူ့အရေပြားနဲ့
တိုက်ရိုက်ထိတွေ့မှုမရှိအောင် ရှောင်ကျဉ်သင့်
တယ်လို့ပြောပါတယ်။
အလုပ်သမားဝန်ထမ်းတွေဟာ သူတို့လက်တွေကို မဆေးကြောရသေးပဲ သူတို့ရဲ့ ညစ်ပေနေတဲ့အဝတ်အစားတွေကို မချွတ်ရသေးခင်မှာ သူတို့ရဲ့နှာခေါင်းနဲ့ပါးစပ်တွေကို လက်တွေနဲ့မထိတွေ့သင့်ဘူး၊စမ်းသပ်စစ်ဆေးမှုတွေကို မှန်မှန်လုပ်သင့်တယ်လို့အေဂျင်စီက
ပြောပါတယ်။
CDCရဲ့ အေးခဲအစားအစာတွေမှာ (ဒါမှမဟုတ်) အထုတ်အပိုးတွေပေါ်မှာဗိုင်းရပ်(စ်)ရဲ့မျိုးဗီဇခြေရာခံမှု
နောက်ဆုံးရှာဖွေတွေ့ရှိချက်တွေ မတိုင်ခင်အရင်က ဗိုင်းရပ်(စ်)အရေအတွက်ပမာဏ အနည်းငယ်သာတွေ့ရှိပေမဲ့ အသက်ရှင်နေတဲ့ဗိုင်းရပ်(စ်)လုံးဝမတွေ့ခဲ့ကြဘူးလို့အေဂျင်စီကပြောပါတယ်။ သေဆုံးနေတဲ့ဗိုင်းရပ်(စ်)ရှိနေတဲ့နမူနာတွေမှာဗိုင်းရပ်(စ်)ရှိနေတာကို ခြေရာခံလို့ရပေမဲ့ အသက်ရှင်နေတဲ့ဗိုင်းရပ်(စ်)တွေကသာရောဂါကူးစက်စေနိုင်တာဖြစ်ပါတယ်။

Ref:Reuters


Spread the love
  •  
  •  
  •  
  •  
  •  
  •