ထွန်းအိန္ဒြာဗို နှင့် တင်ဇာမော် တို့၏ Makeup Room Concert ကိုအကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်တော့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထွန်းအိန္ဒြာဗို နှင့် တင်ဇာမော် Makeup Room Concertကိုအကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်

ဩဂုတ်လ (၅) ရက်နေ့ ည (၇) နာရီမှာ တိုက်ရိုက်ထုတ်လွှင့် ပြသမည့် Makeup Room Concert အား အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ကြောင်း Media Seven မှ ကိုဝေမင်းမောင်(King7Dynasty) လူမှုကွန်ယက်မှ သိရသည်။

” ဩဂုတ်လ(၅)ရက်နေ့ဂီတဖျော်ဖြေပွဲကြီးအား အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ပါကြောင်းနှင့် ကျင်းပမည့်ရက်အား ပြန်လည် အသိပေးသွားမည်ဖြစ်ပါကြောင်း။ တခဲနက်စောင့်မျှော်နေကြတဲ့တေးချစ်သူမိတ်ဆွေများနှင့် ပရိတ်သတ်များကို လေးစားစွာတောင်းပန်ရင်းအသိပေးအပ်ပါသည်” ဟု ရေး သားဖော်ပြထားခြင်းဖြစ်သည်။

အဆိုတော် ထွန်းအိန္ဒြာဗို နှင့် တင်ဇာမော် တို့တင်ဆက်မည့် အဆိုပါ ဂီတဖျော်ဖြေပွဲအား Live တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွင် အဆိုတော် ထွန်းအိန္ဒြာဗို ကအဆိုတော်တင် ဇာမော် ၏ သီချင်းများကို သီဆိုဖျော်ဖြေမှာဖြစ်ပြီး အဆိုတော်တင်ဇာမော် မှ အဆိုတော် ထွန်းအိန္ဒြာဗို ၏ သီချင်းများကို သီဆိုဖျော်ဖြေတင်ဆက်ကာ၊တေးသီချင်းစုစုပေါင်း ၁၅ ပုဒ်ဖျော်ဖြေမည်ဟု သိရသည်။

ယင်းဖျော်ဖြေပွဲပျက်သော် လည်း ဂီတဖျော်ဖြေပွဲကြီးများကို တောင့်တနေသော မိတ်ဆွေ၊ပရိတ်သတ်များအတွက် ဩဂုတ်လ (၅)ရက် ဖျော်ဖြေပွဲအား ရွေ့ဆိုင်းထားသော်လည်း ဩဂုတ်လ(၁၄) ရက်နေ့တွင် နာမည်ကြီး အမျိုးသားအဆိုရှင်နှစ်ဦး၏ ဖျော်ဖြေပွဲအား တင်ဆက်သွားမှာဖြစ်ကြောင်းကိုလည်းကိုဝေမင်းမောင်မှ ဖော်ပြထားသည်။

ယင်းဖျော်ဖြေပွဲတွင်ဖျော်ဖြေမည့် အဆိုရှင် နှစ်ဦးမှာ အတွဲအဖက်ထူးပြီး လူငယ်ကြိုက်အဆိုတော်(၂)ဦးဖြစ်ကာ ယောကျားလေးအဆိုတော်များ ဖြစ်ကြောင်း ယင်းတို့နှစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်း ပရိသတ်မှခန့်မှန်းထားကြရန်လည်း ၎င်းက ရေးသားထားသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •