“ဒက်စ် မွိုင်းနက်(စ်) မြို့တော်ဝန်က ထရန့် ရဲ့လူစုရုံးမှုကြောင့် ကိုရိုနာဗိုင်းရပ်(စ်) ပြန့်ပွါးမှာ စိုးရိမ်တယ်လို့ပြော”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ဒက်စ် မွိုင်းနက်(စ်) မြို့တော်ဝန်က ထရန့်
ရဲ့လူစုရုံးမှုမှာ ကိုရိုနာဗိုင်းရပ်(စ်) ပြန့်ပွါးမှာ
စိုးရိမ်တယ်လို့ပြော”

October 12,202
ဒီအပတ် ဒက်စ် မွိုင်းနက်(စ်)မြို့မှာ ထရန့်
ရဲ့ ရွေးကောက်မဲဆွယ်စည်းရုံးရေး လူစုရုံးမှုဟာ မြို့တော်မှာ ကိုရိုနာဗိုင်းရပ်(စ်)
ကိုဗစ်-19 ဗိုင်းရပ်(စ်)ပြန့်ပွါးလာစေမှာ
သူစိုးရိမ်မိတယ်လို့ လိုဝါပြည်နယ် ဒက်စမွိုင်းနက်(စ်) မြို့တော်ဝန်က ပြောပါတယ်။
“ဒက်စ်မွိုင်းနက်(စ်) ရီဂျစ်စတာ” သတင်းစာက ကိုဗစ်-19 ဗိုင်းရပ်(စ်) ဒီမြို့မှာအရှိန်အဟုန်မြင့်ပြီး ကူးစက်ပြန့်ပွါး
လာမှာကို သူစိုးရိမ်မိပါသလားလို့ အမေးခံရတဲ့အခါ မြို့တော်ဝန် ဖရန့်ခ် ကွန်နီက
အသေအချာကိုစိုးရိမ်တာပေါ့ဗျာလို့ပြန်ပြောခဲ့ပါတယ်။
“ရောဂါကူးစက်ပြန့်ပွါးလာမှာတကယ့်ကိုစိုးရိမ်တာပေါ့ဗျာ။ဒက်စ်မွန်းနက်(စ်)မြို့မှာ ရောဂါ
အကြီးအကျယ်ကူးစက်လာမဲ့အဖြစ်မျိုးကို
ကျွန်တော်တို့မလိုချင်ဘူး”လို့ မြို့တော်ဝန်က
သတင်းစာကို ပြောပြပါတယ်။
“ဒီလှုပ်ရှားမှုကို တက်ရောက်လာတဲ့ လူတိုင်းကို ကျန်းမာဘေးကင်းစေဖို့ နှာခေါင်းစည်းမျက်နှာဖုံးတွေတပ်ထားပြီး၊
တတ်နိုင်သမျှ လူချင်းဝေးကွာအောင်
နေကြဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။”
“ရောဂါကူးစက်သူအရေအတွက်လျှော့ကျလာအောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်သမျှ
အရာအားလုံးကို လုပ်ကြရမှာပဲ။”
“ဒီလုပ်ဆောင်ရမဲ့အချက်အလက်တွေဟာ
သိပ္ပံနည်းကျအချက်အလက်တွေဆိုတာ
သက်သေပြပြီးသားပါ”လို့သူက
ဆက်ပြောပါခဲ့ပါတယ်။
The Hill သတင်းဌာနကိုပေးပို့တဲ့
ထုတ်ပြန်ချက်မှာ ပါဝင်တက်ရောက်သူတွေကို
လှုပ်ရှားမှုတွေမှာမပါဝင်သေးခင် ကိုယ်အပူချိန်
တိုင်းတာစစ်ဆေးပေးမယ်လို့ဖော်ပြထားပြီး၊
ထရန့်ရဲ့မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေဟာ
စိုးရိမ်စရာကောင်းပါတယ်။
ဒီမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို
ဟာလာဟင်းလင်းဖွင့်ထားတဲ့လေယဉ် သိုလှောင်ရုံတခုမှာ ကျင်းပခဲ့ပြီး လူတွေက
ပဌမပြင်ဆင်ဖြည့်စွက်ချက်အခွင့်အရေးတွေ
ကိုတင်ပြကြပြီး ၊အမေရိကန်ပြည်ထောင်စု
သမ္မတကြီးရဲ့ ပြန်လည်ပြောဆိုတာတွေကို
ကြားနာကြရမှာဖြစ်ပါတယ်။
“ကျွန်တော်တော်တို့ဟာစည်းကမ်းကျင့်ဝတ်တွေနဲ့အညီ သူ့နေရာနဲ့သူနေကြရပါမယ်။
တက်ရောက်လာသူအားလုံးကိုလည်းအပူချိန်
စစ်ဆေးပေးပါမယ်။ညွှန်ကြားထားတဲ့အတိုင်းနှာခေါင်းစည်းမျက်နှာဖုံးတွေကိုတပ်ဆင်ထားရပါမယ်။အဝင်လမ်းမှာလည်း လက်သန့်ဆေးရည်တွေ
ချပေးထားပါမယ်။”လို့ တင်မ် မားတော့(ဖ်)က
THE HILLသတင်းဌာနကိုပြောပါတယ်။

Ref: THE HILL


Spread the love
  •  
  •  
  •  
  •  
  •  
  •