ဒဂုံမြို့သစ်တောင်ပိုင်းရှိ အောင်မြင့်မိုရ်အိမ်ရာတွင် COVID-19 Positive လူနာများအား Hospital Quarantine ထားရှိမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒဂုံမြို့သစ်တောင်ပိုင်းရှိ အောင်မြင့်မိုရ်အိမ်ရာတွင် COVID-19 Positive လူနာများအား Hospital Quarantine ထားရှိမည်

 

၁၇.၉.၂၀၂၀ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၁၄၆)ရပ်ကွက်၊ အောင်မြင့်မိုရ်လမ်းနှင့် လှော်ကားလမ်းထောင့်ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် COVID-19 Positive လူနာများအား Hospital Quarantine ထားရှိရန်နှင့် Positive လူနာများအား ကျန်းမာရေးစောင့်ရှောက်ပေးမည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် စီစဥ်ထားပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ပါတယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •