ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် COVID-19ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီမှ အခြေခံစားသောက်ကုန်များ အိမ်တိုင်ယာရောက် လှုဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

(၂၄-၉-၂၀၂၀)

Stay at home အစီအစဉ်အရ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်သူမြို့နယ်သားများအနက်မှ မျှဝေမှု့အကူအညီလိုအပ်နေသော တနေ့လုပ်မှတနေ့စားရသော ကျွန်တော်တို့ရဲ့ ညီအကိုမောင်နှစ်မမြို့နယ်သူမြို့နယ်သားများအား ကျွန်တော်တို့ရဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် COVID-19ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီမှ လက်ခံရရှိထားသော အလှုငွေများအနက်မှ အခြေခံစားသောက်ကုန်များအားဝယ်ယူ၍ အိမ်တိုင်ယာရောက် မျှဝေလှုဒါန်းခဲ့ပါသည်၊

 

 

ယနေ့လှုဒါန်းခဲ့သောအိမ်ထောင်စုဦးရေမှာ(၆၀)ဖြစ်ပါသည်၊နောက်ရက်များတွင်လည်း မျှဝေမှု့လိုအပ်နေသောညီအကိုမောင်နှစ်မများ၏ စာရင်းပေးသွင်းမှု့အလိုက် ဆက်လက်လှုဒါန်းသွားမည်ဖြစ်ပါသဖြင့် မျှဝေခြင်းအစီအစဉ်အတွက် လှုဒါန်းလိုသောအလှုရှင်များနှင့် လိုအပ်ချက်ရှိသော မြို့နယ်သူမြို့နယ်သူ မြို့နယ်သားများလည်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်လှုဒါန်းခြင်း လိုအပ်သောအကူအညီတောင်းခံခြင်းများပြုလုပ်နိုင်ပါသည်။

09883231006
09883231007
09883231008
09883231009
အောက်ဖော်ပြပါ Link သည် အဖွဲ့၏ Page ဖြစ်ပါသည်၊Page ကို likeလုပ်ထားပြီး Page Adminများကို ဆက်သွယ်နိုင်ပါသည်။

https://www.facebook.com/မြောက်ဒဂုံမြို့နယ်-covid-19-ရောဂါ-ကာကွယ်ထိန်းချုပ်ရေး-အထောက်အကူပြုအဖွဲ့-118348400011302/

 

Photo by Bo Bo


Spread the love
  •  
  •  
  •  
  •  
  •  
  •