ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် Capital စူပါမတ်ကက် ကို Lockdown ချလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် Capital စူပါမတ်ကက်
ကို Lockdown ချလိုက်ပြီ
————————–
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက် နေထိုင်သူ အသက်(၂၇)နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သင်းဝင် မှတ်တိုင်အနီးရှိ ( CAPITAL super mar- ket )တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး ( MOHS ) မှထုတ်ပြန် Covid -19 စာရင်းတွင် အတည်ပြုလူနာ (Positive) အဖြစ်ပါဝင်လာပါသည်။

 

သို့ပါသောကြောင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အဆိုပါနေရာအား အများပြည်သူ အသွားအလာကန့်သတ်ထားရှိရာ နေရာအဖြစ် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

 

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ် Covid -19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ ၊ မြို့နယ် ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ လဝက၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ တာဝန်ရှိသူများပူးပေါင်း ပါဝင်ခဲ့ကြပါသည်။

 

Source – Dagon Myothit North Township Info Comittee NLD


Spread the love
  •  
  •  
  •  
  •  
  •  
  •