ဒလမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ အနိုင်ရရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒလမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ အနိုင်ရရှိ

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ်နိုဝင်ဘာ (၈) ရက်နေ့ကပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြီးနောက် ကျင်းပတဲ့တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒလမဲဆန္ဒနယ်မှညနေ (၄) နာရီမဲရုံပိတ်ချိန် ၌ မဲလာပေးသူစုစုပေါင်း (၇၆၂၆၁)ဦးရှိခဲ့ပါတယ်။ မဲပေးနိုင်သူဦးရေမှာ (၁၃၀၅၉၉)ဦးရှိပါတယ်။သို့ဖြစ်၍ ဒလမဲဆန္ဒနယ်တွင် မဲပေးသူဦးရေသည် မဲပေးနိုင်သူဦးရေ၏ ၆၉.၆၅ ရာခိုင်နှုန်း ရှိပါတယ်။ကနဦးသတင်းများအရ မဲများရေတွက် နေစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများ အသာစီးရခဲ့ပါတယ်။

ဒလမြို့နယ်ရှိ ခနောင်အထက်ရွာ၊ ခနောင်ရှမ်းစုရွာ၊ ဘိုးဖြူချောင်ရွာ၊ ညောင်ချောင်းရွာ၊ သရော်တန်းရွာ၊ရေတံခါးရွာ၊ ရှမ်းကန်ရွာ၊ရဲချောင်းကြီးရွာ ၊ လိပ်ခုံး ရွာ တို့ဟာ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရှုံးနိမ့် ခဲ့သော်လည်း ၂၀၂၀ နိုဝင်ဘာ(၈) ရက်နေ့အထွေထွေရွေးကောက်ပွဲတွင် အဆိုပါရွာများအားလုံး ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ အနိုင်ရရှိခဲ့ပါတယ်။ယခု ဒလမြို့နယ်၌ မဲများရေတွက်ပြီးသည့်အချိန်မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေကြီး(၁)၊ တိုင်းဒေသကြီး(၂)လွှတ်တော်နေရာများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •