ဒီကနေ့မနက် COVID-19 အတည်ပြုလူနာ ၉၈ယောက်ထဲမှာ သင်္ဃန်းကျွန်း Music Zone က ၇၃ ယောက်ပါဝင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီကနေ့မနက် COVID-19 အတည်ပြုလူနာ ၉၈ယောက်ထဲမှာ သင်္ဃန်းကျွန်း Music Zone က ၇၃ ယောက်ပါဝင်

ဒီနေ့မနက် ကျန်းမာရေး ဝန်ကြီး ဌာနကကြေငြာတဲ့ COVID-19 အတည်ပြုလူနာ ၉၈ယောက် ထဲမှာ သင်္ဃန်း ကျွန်းမြို့နယ်က လူနာသစ် ၇၃ယောက်ပါဝင်ခဲ့ပါတယ်။

 

အဲဒီ သင်္ဃန်းကျွန်းမြို့နယ်က လူနာတွေဟာ Music Zone ကဖြစ်ပြီး Case 741 နဲ့ဆက်စပ်တာကြောင့်အဲဒီဆိုင်မှာပဲအသွားအလာ ကန့်သတ်စောင့်ကြည့် ထားခဲ့တာပါ ။အဲဒီအတည်ပြုလူနာတွေကို ဝေဘါဂီဆေးရုံနဲ့ ဖောင်ကြီးတို့ကိုခွဲပြီး ပို့ဆောင်မှာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက Yangon Nation ကိုပြောပါတယ်။

Music Zone ဟာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာဖွင့်လှစ်ထားပြီး၊စားသောက်ဆိုင်နဲ့ KTV တွဲပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •