ဒီကနေ့ မနက်ကစပြီး မန္တလေး ၈၁လမ်း၊ ၈၂လမ်း၊ ၈၃လမ်း နဲ့ ၈၄လမ်း များ နှစ်လမ်းမောင်းပြောင်းပြီ။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မေလ ၉ ရက်နေ့ နံနက် ၄.၀၀ နာရီကစပြီး ၈၁လမ်း၊ ၈၂လမ်း၊ ၈၃လမ်း ၂၆လမ်းမှ ၃၅လမ်းအထိ နဲ့ ၈၄လမ်း ၂၆လမ်း နဲ့ ၂၈လမ်းကြားလမ်းများ နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်ကျင့်သုံးသွားပါမယ်။

အရင်က လမ်းတွေကျဥ်းလို့ တစ်လမ်းမောင်းသတ်မှတ်ခဲ့ပေမယ့် အခုအချိန်မှာ လမ်းအကျယ်ပေ ၅၀ ကျော်ရှိနေလို့ ၄လမ်းသွားလမ်းတွေဖြစ်လာတဲ့အပြင် ကားရပ်နားစရာပါ ရှိလာလို့ နှစ်လမ်းမောင်းလုပ်ရတာပါ။

ယာဥ်တွေစည်းကမ်းမဲ့ရပ်နားတာနဲ့ လမ်းပေါ်ကျူးနေတဲ့ဆိုင်တွေကို ထိထိရောက်ရောက်အရေးယူသွားပါမယ်။

ယာဥ်ရပ်နားဖို့ ဆေးလိုင်းတွေလည်းဆွဲပြီးလို့ ကန့်လန့်ရပ်တာတွေ နှစ်ထပ်ရပ်တာတွေကို ထိထိရောက်ရောက် အရေးယူမှာပါ။

လိုအပ်မယ့်နေရာတွေမှာလည်း မီးပွိုင့်တွေတပ်ဆင်ပြီးသလို ဖြူနီကြားနဲ့ လမ်းလယ်မျဥ်းတွေဆွဲပြီးပါပြီ။

တောင်မြောက်လမ်းတွေက မိန်းလမ်းတွေဖြစ်လို့ မီးပွိုင့်မတပ်တဲ့ လမ်းဆုံတွေမှာ အရှေ့အနောက်သွားတဲ့ ယာဥ်တွေက တောင်မြောက်သွားနေတဲ့ယာဥ်တွေကို ဦးစားပေးရမှာပါ။

လိုအပ်တဲ့ Road Signs တွေကိုလည်းတပ်ဆင်ပြီးပါပြီ။

မေလ ၉ရက်နေ့ကနေ ၁၅ရက်နေ့အထိ ယာဥ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးတဲ့အနေနဲ့ ယာဥ်ထိန်း၊ စည်ပင်၊ ယကက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စေတနာ့ဝန်ထမ်းတွေက ကြပ်မတ်ပညာပေးသွားပါမယ်။

ကိုဗစ်ရောဂါကြောင့် လမ်းပေါ်မှာ ယာဥ်အစီးရေနည်းတာနဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ အမိန့်တွေ တည်ဆဲကာလဖြစ်လို့ နှစ်လမ်းမောင်းအဖြစ်ပြောင်းလဲရာမှာ ပိုအဆင်ပြေစေပါတယ်။

မြို့တော်အတွက် အမြဲကြိုးစားဆောင်ရွက်ပေးနေတဲ့ စည်ပင်ပါ။

Ye Lwin


Spread the love
  •  
  •  
  •  
  •  
  •  
  •