ဒီနေ့ကစပြီး နိုင်ငံရေးစာမျက်နှာသစ်ဖွင့်ပါပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇲🇲 ဒီမနက် CNA မှာ #မြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီပဲပြန်နိုင်လိမ့်မယ်ဆိုတဲ့ AP သတင်းကိုအခြေခံထားတဲ့သတင်းကိုဆောင်းပါးကို ဖတ်လိုက်ရပါတယ်။

အဲ့ဒီသတင်းကိုကောက်နှုတ်ပြောရရင် ….

▪️ မြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီပဲပြန်နိုင်မှာဖြစ်ကြောင်း။

▪️၂၀၂၀ ရွေးကောက်ပွဲဟာ ထင်ထားတာထက်ပိုပြီးလူတွေမဲပေးကြကြောင်း။ လူတွေဟာ Covid-19 ကိုကြောက်ပေမယ့် အကာအကွယ်အပြည့်အစုံနဲ့ထွက်မဲပေးကြကြောင်း။

▪️မဲပေးခွင့်ရသူ ၃၇ သန်းကျော်မှာ ပထမဆုံးအနေနဲ့မဲပေးတဲ့လူငယ်မျိုးဆက်သစ်က ၅ သန်းပါကြောင်း။

▪️လူတွေဟာ #အဓိကက ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံလို့ (#အထူးသဖြင့်ချစ်လို့) သူ့ပါတီကိုထောက်ခံမဲပေးတာဖြစ်ကြောင်း။

▪️ပြီးခဲ့တဲ့ ၅ နှစ်တာကာလမှာ စီးပွားရေးတိုးတက်မှုနဲ့ တိုင်းရင်းသားဒေသတွေငြိမ်းချမ်းရေးမှာ လူတွေရဲ့မျှော်လင့်ချက်နဲ့မကိုက်ညီခဲ့ပါကြောင်း။

▪️ဝင်ပြိုင်တဲ့ပါတီ ၉၀ ကျော်မှာ လူထုခေါင်းဆောင်ရဲ့ပါတီကိုယှဉ်နိုင်တဲ့ လောက်လောက်လားလားပါတီမရှိကြောင်း။

… စသည်ကနေ နယ်စပ်ဒေသကိစ္စတွေကအစ ထည့်သွင်းသုံးသပ်သွားပါတယ်။

▪️ကျနော်ထပ်ဖြည့်ပြောရရင် အစိုးရဖွဲ့ဖို့လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကျိန်းသေရမှာပါ။

ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကျနော့်သဘောထားကိုမေးတဲ့လူတွေကို ကိုမျိုးရန်နောင်သိမ်းတို့ Bayda Institute ရဲ့ခန့်မှန်းချက်ကိုဖတ်ခိုင်းခဲ့ပါတယ်။

အဲ့ဒီခန့်မှန်းချက်မှာ ကျနော်မှတ်မိသလောက် အနည်းဆုံး ၃၇၇ နေရာမှန်းတာတွေ့ရပါတယ်။ သူပြောထားတဲ့မြို့နယ်တွေမှာ ကျနော်ခရီးလှည့်လည်စဉ်က ပြည်သူတွေပြောတဲ့အသံနဲ့တူနေတာမို့ အဲ့ဒီခန်မှန်းချက်ဟာ နီးစပ်တယ်လို့မြင်ခဲ့တာပါ။

▪️နောက်တစ်ချက်က လူငယ်မျိုးဆက်သစ်တွေအကြောင်းပါ။

လူကြီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအဓိကထားမဲပေးကြမှန်ပေမယ့် ၁၉၈၈ နဲ့ ၁၉၉၇ အရေးအခင်းတွေကိုမမီလိုက်တဲ့ လူငယ်မျိုးဆက်သစ်တွေက ကဘာလို့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးတာလဲဆိုရင် ….

▪️civic duty ပြည်သူ့တာဝန်အရ၊

▪️ပိုမိုကောင်းမွန်တဲ့ပညာရေးစနစ်နဲ့ အလုပ်အကိုင်အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်ကလုပ်ပေးနိုင်မယ်မြင်လို့ပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုအဖွားကြီး … အဖွားကြီးခေါ်ပြီး ဝေဖန်လို့ ကျနော်နဲ့ပြဿနာတက်ပြီး ဆုံးမခဲ့ရတဲ့ လူငယ်တစ်ယောက်ကိုမေးကြည့်ပါတယ်။

မင်းမဲပေးတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲကြည့်ပြီး ကိုယ်စားလှယ်လောင်းဘယ်သူလဲသေချာမကြည့်ပဲမဲပေးခဲ့ပါလား❓ဘာလို့လဲ❓ဆိုတော့။

#အခုအချိန်မှာသူကလွဲလို့ဘယ်သူမှလုပ်ပေးနိုင်မယ်မထင်လို့ပါတဲ့။

အဲ့ဒါပါပဲ။ ဒါကကျနော်လက်တွေ့အနီးကပ်တွေ့ရတာပါ။

နောက်တစ်ခုက ၁၉၈၈ နောက်မှမွေးတဲ့ လူငယ်မျိုးဆက်သစ်တွေအတော်များများဟာ ဒေါ်အောင်ဆန်းစုကြည်ကို Idol တစ်ယောက်လိုချစ်ကြတာတွေ့ရပါတယ်။

ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် ၃၀ လောက်သူစိုက်ခဲ့တဲ့အပင်ရဲ့အသီးကိုပြန်စားရတာပါပဲ။

အဲ့ဒီတော့ လူထုခေါင်းဆောင်စိုက်ခဲ့တဲ့အပင်ကြီးကအသီးအပွင့်စတင်ခံစားနေရချိန်မှာ မျိုးဆက်သစ်တွေကအဲ့ဒီအပင်ကြီးဆက်ရှင်သန်စေရန် ပခုံးပြောင်းတာဝန်လွှဲယူဖို့ လာမယ့်ငါးနှစ်သက်တမ်းမှာ တာဝန်ကျပြီလို့မြင်ပါတယ်။

#ဆက်လက်ရေလောင်းပေါင်းမသင်ပဲမည်သည့်အပင်မှရေရှည်မခံပါ။

▪️နောက်တစ်ချက်ကလူတွေ Covid ကိုမကြောက်ပဲ မဲထွက်ပေးကြတာက #Covidထက်ကြောက်ရတဲ့ဟာရှိနေလို့ပါ။

အဲ့ဒီတော့ လူတွေကအရေးကြီးပြီသွေးစည်းမှဆိုတဲ့အသိဝင်သွားစေပါတယ်။

▪️နောက်တစ်ချက်က Election ရွေးကောက်ပွဲဟာ Referendum လူထုဆန္ဒခံယူပွဲနဲ့အတူတူပါပဲ။

👉 လူအများစုဟာ #ဘယ်သူ့ကိုထောက်ခံတယ်၊ #ရင်ထဲမှာရှိတယ်၊ #ချစ်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်။

“လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီနဲ့ လောက်လောက်လားလားအစားထိုးစရာမရှိသေးဘူး”လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူ Richard Horsey ကမြင်ပါသတဲ့။

လူအများစုရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထောက်ခံခြင်း၊ ချစ်ခြင်းဟာ အစိုးရရဲ့စီးပွားရေးနဲ့အခြားလုပ်ဆောင်ချက်တွေအပေါ်မကြည့်ပဲ ထောက်ခံကြတာပါတဲ့။ (လူအများစုလို့သူပြောသွားတယ်နော်)

နောက်ဆုံးကျနော်ပြောလိုတာက ကျနော်တို့ဒီနေ့ကစပြီး #နိုင်ငံရေးစာမျက်နှာသစ်ဖွင့်ပါပြီ။

ဒီနေ့ရွေးကောက်တင်မြှောက်ခံရတဲ့ကိုယ်စားလှယ်တွေဟာ နောက်ငါးနှစ်အတွက်ခေါင်းဆောင်တွေဖြစ်လာပါပြီ

Leadership နဲ့ပတ်သက်လို့ General Electric (GE) ရဲ့ CEO Jack Welch ရေးခဲ့တာလေးကို မျှဝေပေးချင်ပါတယ်။

“Before you are a leader, success is all about growing yourself. When you become a leader, success is all about growing others.” တဲ့။

👉 အဲ့ဒီစကားဟာ အများကြီးတွေးစရာရပါတယ်။

ခေါင်းဆောင်တစ်ယောက်မဖြစ်လာခင်မှာ သင့်ကိုယ်သင်အောင်မြင်အောင်အဓိကပျိုးထောင်ရပါမယ်။

ခေါင်းဆောင်ဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့လူတွေအောင်မြင်အောင်သာပျိုးထောင်မှသာလျှင် သင်အောင်မြင်ပါလိမ့်မယ်။

ရွေးကောက်ခံခေါင်းဆောင်အတွက်အောင်မြင်မှုဆိုတာဟာ #ကိုယ့်နယ်ကလူတွေအောင်မြင်မှုနဲ့သာလျှင်သတ်မှတ်ပါပြီ။ ကိုယ့်နယ်ကအောင်မြင်အောင်လုပ်မှ ကိုယ်အောင်မြင်ပါလိမ့်မယ်။

အဲ့ဒီလိုပဲ ခေါင်းဆောင်ကြီးအနေနဲ့ကိုယ့်မျိုးဆက်သစ်လူတွေအောင်မြင်အောင်အဓိကလုပ်ပေးမှသာ ရေရှည်တည်တံ့တဲ့အောင်မြင်မှုဖြစ်လာပါလိမ့်မယ်။

Richard Myo Thant
9-November-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •