ဒီနေ့ည ၈ နာရီ မှာဒေါ်စုပြောခဲ့တဲ့ အဓိက ၂ချက်
ရွေးကောက်ပွဲအပြီးမှာ လူစုလူဝေးတွေ လုပ်ခဲ့ကြတာ ပြည်သူတွေလည်း သိကြပါတယ်။ ဒီတော့ နောက်တပတ်နှစ်ပတ်မှာ ပိုးတွေ့လူနာတွေ နည်းနည်းတိုးလာနိုင်ပါတယ်။ တတ်နိုင်သလောက် လူစုလူဝေးကို ရှောင်ပါ။ ကျန်းမာရေးဌာနကလည်း ဥပဒေနဲ့အရေးယူမယ်လို့ ကြေညာထားပါတယ်။ ဒါဟာ ပြည်သူတွေကို ဒုက္ခပေးဖို့တော့ မဟုတ်ပါဘူး။
နိုင်ငံတော်ကနေ (ကိုဗစ်-၁၉ ခေတ်) ပြည်သူတွေကို စတုတ္ထအကြိမ် ထောက်ပံ့တာမှာ မရသူတချို့ရှိတယ်လို့ သိရပါတယ်။ ဒီအတွက်လည်း တိုင်ကြားလို့ရအောင် တိုင်ကြားဖို့ဌာနဖွင့်ပေးထားပါတယ်။ တယောက်တည်းပဲဖြစ်ဖြစ် ကျန်ခဲ့တယ်ဆိုရင်ပြောပါ။ ဘယ်သူကိုမှ ချန်မထားပါဘူး။
– ဒေါ်အောင်ဆန်းစုကြည်
ကိုဗစ်-၁၉ အရေး မိန့်ခွန်းမှ
နိုဝင်ဘာ ၁၆၊ ၂၀၂၀ တနင်္လာ အစိုးရရုပ်သံ ည ၈ နာရီသတင်း။