ဒီမိုကရေစီ နှင့်လွတ်လပ်ခွင့် – လူ့အခွင့်အရေး – နိုင်ငံသားအခွင့်အရေး နှင့် နိုင်ငံတော်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဒီမိုကရေစီ နှင့်လွတ်လပ်ခွင့် – လူ့အခွင့်အရေး –
နိုင်ငံသားအခွင့်အရေး နှင့် နိုင်ငံတော် – – –

 

ပြည်ထောင်စုအစိုးရအဖွဲ့၏ဥပဒေများသည် တည်ဆဲ ဖြစ်ပြီး ယနေ့အချိန်ကာလအထိ ပျက်ပြယ်မှု မရှိသေးပါ။

ယနေ့ကမ္ဘာ မှာ ရေပန်း အစားဆုံး နဲ့ နားထောင်လို့အကောင်းဆုံးအပြင် လက်ခုပ်သံ အများဆုံး – – စကားလုံးက…
လူ့အခွင့်အရေး – လွတ်လပ်မူ နဲ့ တရားမျှ တမှု ဖြစ်ပါတယ်။

ကမ္ဘာ့ မည်သည့် နေရာ –
မည်သည့် နိုင်ငံခေါင်းဆောင် –
မည်သည့် နိုင်ငံရေးသမား –
မည်သည့် မီဒီယာ –
မည်သည့် လူပုဂ္ဂို လ် –
မည်သည့် အဖွဲ့အစည်း –
ကုလသမဂ္ဂ –
မည်သည့် CSO/NGO လူမူအဖွဲ့အစည်း မဆို – – လွယ်လင့် တကူ ယူသုံးနေကျ စကားလုံးများ ဖြစ်ပါတယ်။

ဒါပေမယ်လို့ နိုင်ငံတိုင်း နိုင်ငံတိုင်း က မိမိတို့နိုင်ငံ မပျက်မစီး – မယိုမယွင်း စေရန် နှင့် ဖွံ့ ဖြိုးချ မ်းသာစေပြီး လူမူ စီးပွား – နိုင်ငံရေး အဆင်ပြေ တည်ငြိမ်၍ တရားဥပဒေ စိုးမိုးမူ ဖြစ်စေဖို့ နိုင်ငံအစိုးရ များ နဲ့ နိုင်ငံသား တိုင်း က လွတ်လပ်ပြီး မျှ တမှု များကို အခြေခံသည့် လိုအပ်ပြီး ဖြောင့်မတ်သည့် ဥပဒေ များဖြင့် ထိန်းကွပ် – ထိန်းကြောင်း…
လိုက်နာ ကြရပါတယ်။

လွတ်လပ်မှု နဲ့ အခွင့်အရေး ဆိုတာ လိုအပ်တာထက် စိတ်ကူးယဉ်ခြင်း က မိမိကိုယ်တိုင် နဲ့ မိမိ နိုင်ငံ၏ လူ့အဖွဲ့ အစည်း တစ်ခုလုံး ကို – ချို့တဲ့ သွားစေနိုင်ပါတယ်။

ယနေ့ ကမ္ဘာ ၌ ဒီမိုကရေစီ အသားကျ ပြီး ဟန်ချက်ညီ နေပြီ ဖြစ်တဲ့ နိုင်ငံကြီး များမှာ –

လူ့အခွင့်အရေး ကို ဥပဒေများဖြင့် ခွင့်ပြု ထားသော…
နိုင်ငံသား အခွင့်အရေး များအနေဖြစ် ပေးကာ ထိန်းချုပ်ထားတာကို တွေ့ ကြရပါလိမ့်မယ်။

ရ ခြင်တိုင်း – လိုခြင် – ဖြစ်ခြင်တိုင်း ပေးပါက ၎င်း တိုင်းပြည် သည်…
စည်းပျက် – ကမ်းပျက် ဖြစ်ပြီး – နိုင်ငံ ကို ပျက်စီးစေကာ…
ထိုနိုင်ငံ ၏ လူ့အဖွဲ့အစည်း အားလုံး သည်လည်းကသောင်းကနင်း စည်းပျက် ကမ်းပျက် များစွာဖြင့် အပျက်ကိန်းဆီသို့ရောက်ရှိ သွားမှာ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံ လန်ဒန်မြို့ မှာ…
(၂၀၁၉)ခုနှစ် ဧပြီလ ဒုတိယ အပတ်လောက်က
ဖြစ်သွားသည့် –
အကြမ်းဖက်မှု မပါဝင်သော အာဏာဖီဆန်ရေး လုပ်ဆောင်ရန် သဘာဝ ပတ်ဝန်းကျ င်အဖွဲ့ က တိုက်တွန်း ထားသည့်
ပတ်ဝန်းကျင်အရေး လူပ်ရှားမှု တွင် ဗြိတိန် အစိုးရ က ရဲ တပ်ဖွဲ့ဝင်အင်အား ၁၅၀၀ ခန့်အား ဆန္ဒပြမှု နှင့် လမ်းများ ကို ရှင်းလင်းစေဘို့ တာဝန်ပေး လိုက်တာကို တွေ့ရပါတယ်။

ပိတ်ဆို့ ဆန္ဒ ပြခဲ့သည့် လူဦးရေ ၇၅၀ အား ဖမ်းဆီးခဲ့ပြီး…
ဆန္ဒပြသူများအနက်မှ ၂၈ ဦးကိုလည်း ရာဇဝတ်မူ ဖြင့်
အမှုဖွင့် လိုက်ပါတယ်။

ခွင့်ပြု မဲ့ ဆန္ဒပြ မှုများ ကို ရပ်ဆိုင်းကြပြီး ဥပဒေ နှင့်အညီ ဆန္ဒပြကြရန် လမ်းများမပိတ်ဆို့ ဘဲ ခွင့် ပြု ထားသော နေရာ၌ သာ ဆန္ဒပြကြရန် လန်ဒန်မှ တာဝန်ရှိသူ
ရဲမင်းကြီး ခရက်ဆီဒါဒစ်ခ် က ပြောဆိုခဲ့ပါတယ်။

ထို့ပြင် လမ်းများ ပိတ်ဆို့ ဆန္ဒပြ မူများကြောင့် စိတ်ပျ က်စရာ ကောင်းလောက်အောင် တည်ငြိမ် မှုပျ က်ပြား စေခဲ့ ကြောင်း ကိုလည်းပြောဆို ခဲ့ပါတယ်။

ဤ သည်က ဘာကိုပြ ပါသလဲဆိုရင်
နိုင်ငံတိုင်း က မိမိနိုင်ငံ ကို တည်ငြိမ် မှု
မပျ က်ပြားစေရန် နဲ့ မပျက် မစီး မယိုမယွင်း စေရန် ပြည်သူ များ၏ ဆန္ဒမဲ ပေးရွေးချ ယ်မှုဖြင့် တက်လာသည့် တည်ဆဲ အစိုးရများ က ဥပဒေ – နည်းဥပဒေ အမိန့် ညွှန်ကြား ချ က်များ ထုတ်ပြန်ပြီး –
တိုင်းပြည် ကို ထိန်းကြောင်း ကွပ်ကဲကြရခြင်းကို ပြပါတယ်။
ဗြိတိန် နိုင်ငံ ဆိုသည်မှာ ချ မ်းသား တိုးတက် ဖွံ့ ဖြိုးပြီး ကမ္ဘာ့ ထိပ်တန်း ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်ပါတယ်။

၎င်း ကို ယနေ့ မိမိတို့ မြန်မာနိုင်ငံသား များ သုံးသပ် စေချင်လို့ ကျွ န်တော် ရေးသား ဖော်ပြရခြင်းဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်မှုနှင့် ထိုနိုင်ငံအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံး က
ဖရို ဖရဲ ဖြစ်နေပါက အခြား နိုင်ငံများ၏ အထင်သေး အမြင်သေး များဖြင့် အဆက်အဆံ ခံရကာ စော်ကား မှုများ ကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။

မီဒီယာ လွတ်လပ်ခွင့်ဆိုတာသည် ကမ္ဘာ့နိုင်ငံတိုင်း၌ နိုင်ငံအလိုက် အုပ်ချုပ်သည့်
စံနစ် အလိုက် သူ့အိုး နှင့် သူ့ဆန် – –
သူ့နိုင်ငံ၏ အခြေအနေ အလိုက် ရှိကြပါတယ်။
ထိုသည် က ယနေ့ကမ္ဘာ့ အခင်းအကျင်းဖြစ်ပါတယ်။
ဒီမိုကရေစီ နိုင်ငံများက ပိုမို လွတ်လပ်မှုများ ဟာ ဥပဒေ ပြဌာန်းမှုများအလိုက်ရှိကြပါလိမ့်မယ်။
သို့ပေမယ့်လို့ နိုင်ငံတိုင်းတွင် အစိုးရ လျှို့ ဝှက်ချ က်များ ဆိုင်ရာ ဥပဒေဆိုတာ ရှိကြပါတယ်။

(၂၀၁၉) ခုနှစ် ဧပြီလ တတိယအပတ်ထဲမှာ ပဲ ဗြိတိန် အစိုးရ ၏ အမျိုးသား လုံခြုံ ရေးကောင်စီ(NSC) အစည်းအဝေး မှ အကြောင်းအရာများကို အခွင့်မရှိ ဘဲ ထုတ်ဖော်ပြောမှု အတွက် ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဂါဗင်ဝီလျှံ ဆန် အား….. ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ က
ကာကွယ်ရေး ဝန်ကြီး ရာထူးမှ ထုတ်ပယ်ခဲ့ သည်ကိုလည်း သိမြင်ခဲ့ကြပါလိမ့်မယ်။

ဒီမိုကရေစီ နိုင်ငံ၌ မီဒီယာ လွတ်လပ်ခွင့်
အပြည့်ရှိ ရမည် ဆိုသော သဘောထားကို လက်ကိုင်ထားပြီး မီဒီယာသမားများက လွန်လွန် ကျူးကျူးသုံးစွဲ လို့ မဖြစ်နိုင်ပါ။

အပြည့်ဆိုတာ ဘာလဲ? ဘယ်အထိလဲ?

အထူးသဖြစ် မိမိတို့ လို အသွင်ပြောင်း
ပုံစံပြောင်း အုပ်ချုပ်မှုစနစ် ပြောင်း
လာကစ နိုင်ငံ၌ သတိထားကြစေဖို့လိုအပ်ပါတယ်။
မီဒီယာနှင့် လွတ်လပ်မှု များ၏ ကြားမှာ နိုင်ငံသားများ၏ အခွင့်အရေး နှင့် လူ့ အသိုင်းအဝိုင်း ဟူသည့် လူ့အဖွဲ့အစည်း ကြီးက အမြဲ ရှိနေမှာ ဖြစ်ပါတယ်။
ထိုအရာ များကို အထူးသတိထား
သုံးသပ်ကြရမှာက နယ်ပယ်အသီးသီးမှ သက်ဆိုင်သူများနှင့် ထိန်းကြောင်း – ထိန်းကွပ် ရမှာက နိုင်ငံရေးပါတီများနဲ့တည်ဆဲအစိုးရ များပင်ဖြစ်ပါတယ်။

ယခုလိုအထွေထွေရွေးကောက်ပွဲကျင်းပမည့်
နေ့ ရက် လ ကိုပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်မှ ကြေညာ ပြီးသည်နှင့်အညီ
လာမည့်ရွေးကောက်ပွဲအား လွတ်လပ်ပြီးမျှတ သည့်အပြင် တည်ဆဲဥပဒေများကို လေးစား လိက်နာကြရမည့် တာဝန်သည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ကြရမည့် နိုင်ငံရေးပါတီတိုင်း၏ အလုပ်ပင်ဖြစ်ပေသည်။

လက်ရှိအနိုင်ရပါတီမှလည်း တည်ဆဲဥပဒေများထက် အခွင့်အရေး ပိုယူခွင့်မရှိသလို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှလည်း တည်ဆဲဥပဒေ နည်းဥပဒေများအား လေးစား အသိအမှတ်ပြုနိုင်ကြဖို့လိုအပ်ပါတယ်။

ပြည်ထောင်စုအစိုးအဖွဲ့ ဥပဒေ နှင့်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေများသည်…..
(၂၀၁၀) ပြည့်နှစ် အောက်တိုဘာလ(၂၁) ရက် (၂၁.၁၀.၂၀၁၀)ရက်နေ့တွင် ပြဌာန်း
အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၄၃) နှင့်အညီ ဤဥပဒေကို ပြဌာန်းလိုက်သည် ” ဟူ၍ ပါရှိပြီးဖြစ်ပါတယ်။

ပုဒ္မ(၄၄၃)… ပုဒ်မ…
ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံ
အခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူသည်။

ပုဒ္မ(၄၄၆)….. ပုဒ်မ…
တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ မပြုသေးမီ ဤဖွဲ့စည်းပုံနှင့်မဆန့်ကျင်သမျှအတည်ဖြစ်သည်။

ပုဒ္မ(၄၄၇)….. ပုဒ်မ…
တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊စည်းကမ်းများ၊အမိန့် ကြော်ငြာစာများ၊အမိန့်များ၊ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့ က
ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။

သို့ဖြစ်ပါသောကြောင့် လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေများတွင် ပြဌာန်းထားသော

ပုဒ်မ(၆) ၊ ပုဒ်မ(၇) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ (ခ) ၊
ပုဒ်မ(၁၇) ပုဒ်မခွဲ(ဃ)…..

တို့သည် ပျက်ပြယ် သွားခြင်းလည်းမရှိပါ၊
ထို့အတူ တည်ဆဲဥပဒေလည်းဖြစ်ပါတယ်။
၎င်းအပြင် ဖွဲ့စည်းပုံနှင့်လည်း ညီပါတယ်။

ဤကဲ့သို့သော ပြဌာန်းထားမှုများကြောင့်
နိုင်ငံ​တော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်
ခံယူမှုလည်း ဆောင်ရွက်နိုင်စေရန်မလိုအပ်ပါပေ။

ပုဒ်မ(၇) ပုဒ်မခွဲ (ခ)… ဖွင့်ဆို ပြဌာန်းချက်နှင့်အညီ …
ပုဒ်မခွဲ(က) အရဆောင်ရွက်ရာတွင်
နိုင်ငံရေးပါတီ၏အဖွဲ့ဝင်ဖြစ်လျှင်သော်လည်းကောင်း၊
တစ်သီးပုဂ္ဂလ ရွေးချယ်ခံခဲ့သူဖြစ်လျှင်သော်လည်းကောင်း၊
သီးခြားခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည့် နိုင်ငံသားတစ်ဦးဖြစ်လျှင်သော်လည်းကောင်း၊
အဆိုပါပုဂ္ဂိုလ်သည် နောင်လာမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအားဖွဲ့စည်းပုံအခြေခံဥပဒေ…
ပုဒ်မ (၃၈)/ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရူံးစေခြင်း အလို့ငှာ…
ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေဲမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၂၀) နှင့် (၁၂၁) တို့ပါပြဌာန်းချက် များနှင့်ကိုက်ညီလျှင် “ရွေးကာက်ပွဲဆိုင်ရာ”
ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊
နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊
ဆောင်ရွက်ခွင့်ရှိသည်။

ဟူသော တည်ဆဲဥပဒေနှင့်အညီ…
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းများကို အခြားပါတီများ နည်းတူ ဆောင်ရွက်နေတာကိုသာ တွေ့နေရပါတယ်။

ပုဒ်မ(၇)/ပုဒ်မခွဲ(က) ၏ အဓိပ္ပါယ်ဖွင့်ဆိုမူတွင် နောင်လာမည့် “အထွေထွေရွေးကောက်ပွဲ”
ဟူသော စကားရပ်ကို ရှုကြပါ။

အခြားအခြားသော ရွေးကောက်ပွဲဝင်ကြမည့်နိုင်ငံရေးပါတီအားလုံးသည်လည်း
ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်နေကြတာကိုလည်းတွေ့ နေကြရပါတယ်။

ပြည်သူလူထုများအတွင်း လူဦးရေစုပြီး မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်ကို လုပ်နေတာမဟုတ်ပါဆိုတာကိုလည်း အားလုံးက မြင်နေ တွေ့နေကြရမှာပါ။

မဲဆွယ်စည်းရုံးရေး ကာလ သတ်မှတ်သည့်အခါမှသာ “ရွေးကောက်ပွဲဆိုင်ရာ”
နယ်မြေစည်းရုံးရေးလုပ်ငန်းများအား
ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တူညီသော ဥပဒေ အခွင့်အရေးများဖြင့် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

မိမိတို့သည် (၂၀၀၈) ကို (၂၀၀၈) နှင့် ပြန်လည် တုန့်ပြန်
တတ်ဘို့လည်းလိုအပ်ပါတယ်။

(၂၀၂၀) နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် အချက် အလက် ဥပဒေ နည်းဥပဒေများအား သေသေချာချာ သိစေရန် ကြိုးစားကြကာ ပြောဆို
ရေးသားကြပါစေကြောင်း ထပ်လောင်း
တိုက်တွန်း ရေးသားလိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး ၊
………. (9.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •