ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာတွင် ယာဉ်တစ်စီးတိမ်းမှောက်နေပြီး လူ(၂)ဦး ကားခေါင်းအတွင် ပိတ်မိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာတွင် ယာဉ်တစ်စီးတိမ်းမှောက်နေပြီး လူ(၂)ဦး ကားခေါင်းအတွင် ပိတ်မိ

 

၂၇.၈.၂၀၂၀ရက်နေ့၊ ၂၁၂၅အချိန်ခန့်၊ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ အောင်သပြေရပ်ကွက်၊ ငွေတောင်ပြည်ပရိယတ္တိစာသင်တိုက်ရှေ့တွင် ယာဉ်တစ်စီးတိမ်းမှောက်နေပြီး လူ(၂)ဦး ကားခေါင်းအတွင် ပိတ်မိနေပါတယ်။

 

သတင်းရရှိသဖြင့် ဒီးမော့ဆိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ငွေတောင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ တို့ဖြင့် သွားရောက်ကူညီကယ်ဆယ်ဆောင်ရွက်ခဲ့ပါတယ်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် မစိုးရိမ်ရ လူနာ(၂)ဉီးအား ငွေတောင်ပြည်နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ် ။


Spread the love
  •  
  •  
  •  
  •  
  •  
  •