” ဒေသတွင်းနိုင်ငံတွေအားလုံး လုံခြုံမှုရှိစေရေး အတွက်ဆိုကာ အိန္ဒိယကမြန်မာကို ရေငုတ်သင်္ဘောလက်ဆောင်ပေးခဲ့”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

October 28,2020

နယူးဒေလီရေတပ်ရဲ့ သံတမန်ရေး လှုပ်ရှား
ဆောင်ရွက်မှု အိန္ဒိယရဲ့ အင်ဒိုပစ္စဖိတ်အမြင်ကို
တိုးချဲ့လာတာလို့မျှော်လင့်ရပါတယ်။

အိန္ဒိယရေတပ်ရဲ့ပဌမဆုံးScorpeneရေငုတ်
သင်္ဘော ၂၀၁၅ခုနှစ်က မွန်ဘိုင်းသင်္ဘောကျင်း
မှထွက်ခွါစဉ်အလုပ်သမားများဝိုင်းအုံစုရုံးနေကြပါတယ်။အိန္ဒိယ ဟာ ကိုယ်ပိုင်ကာကွယ်ရေး
အတွက်ကော နိုင်ငံခြားကိုတင်ပို့ရောင်းချဖို့
အတွက်ပါ သူရဲ့ကာကွယ်ရေးစက်မှုလုပ်ငန်း
တွေကိုအားဖြည့်ဆောင်ရွက်နေပါတယ်။

နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆာင်ရွက်ဖို့
ရည်မှန်းချက်အသစ်ကိုအကောင်အထည်ဖော်
ဖို့ အိန္ဒိယက မြန်မာနိုင်ငံကို ဆိုဗီယက်ခေတ်
ကီလိုအတန်းအစား ရေငုတ်သင်္ဘောတစင်း
ပေးအပ်ခဲ့ပါတယ်။ဒီလုပ်ရပ်ကို ခွဲခြားစိတ်ဖြာသုံးသပ်သူတွေက တရုတ်ရဲ့ဒေသတွင်းသြဇာချဲ့ထွင်လာမှုကို
နယူးဒေလီရဲ့တန်ပြန်တုန့်ပြန်ဆောင်ရွက်မှုအဖြစ်ရှုမြင်ကြပါတယ်။
ဒီဇယ်လျှပ်စစ် ရေငုတ်သင်္ဘော INS ဆင်ဒူဗီရ် ကိုတည်ဆောက်ဖို့ ၁၉၈၈ခုနှစ်မှာအိန္ဒိယရေတပ်ကို လုပ်ငန်းတာဝန်ပေးခဲ့ပြီး၊နိုင်ငံတော်ကလုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့ ကာကွယ်ရေးသင်္ဘောတွေ တည်ဆောက်တဲ့ဟင်ဒူစတန် သင်္ဘောကျင်းမှာ ပြင်ဆင်မွန်းမံခဲ့ပါတယ်။တန်ချိန် ၃၀၀၀ရှိပြီး၊အများဆုံးရေအနက်မီတာ၃၀၀အထိ
ခုတ်မောင်း သွားလာနိုင်သလို၁၈ နော့ထ်စ်
အမြန်နှုန်း အထိမောင်းနှင်နိုင်ပါတယ်။ဒီရေယာဉ်ဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးရေငုတ်သင်္ဘောဖြစ်ပါတယ်။

“ရေကြောင်းဆိုင်ရာစိုးမိုးမှုအတွက် ပူးပေါင်း
ဆောင်ရွက်မှုဟာ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံနဲ့
တမူထူးခြားတဲ့ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှုရဲ့တစိတ်တဒေသပဲဖြစ်ပါတယ်”လို့ အိန္ဒိယ
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ
အန်နူရက်ဂ် ဆရီဗက်စတာဗာ က မကြာသေး
ခင်ကအွန်လိုင်းမီဒီယာတွေ့ဆုံဆွေးနွေးမှုတခုမှာပြောဆိုခဲ့ပါတယ်။”စကားစပ်လို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဟာ ရေငုတ်သင်္ဘော INSဆင်ဒူဗီရ်ကို မြန်မာရေတပ်ကို ပေးအပ်တော့မှာဖြစ်ပါတယ်”လို့ပြောဆိုသွားခဲ့ပါတယ်။”

ဒီဆေါင်ရွက်ချက်ဟာဒေသတွင်းနိုင်ငံတွေအားလုံးဖွံ့ဖြိုးတိုးတက်မှု နဲ့ လုံခြုံမှုရှိစေရေးဆိုတဲ့အိန္ဒိယရဲ့အမြင်
ကြောင့် ဆောင်ရွက်တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတိုင်းပြည်တွေကိုကိုယ့်ကိုကိုယ် မှီခိုအားထားနိုင်တဲ့စွမ်းရည်တွေတည်ဆောက်နိုင်အောင်ကူညီဖို့ ကျွန်တော်တို့ကတိကဝတ်ပေးပါတယ်” လို့သူကပြောဆိုပါတယ်။

ဒီရေငုတ်သင်္ဘောကို ရာဇဝင်ထဲကသူရဲကောင်းတယောက်ရဲ့နာမည်ကိုယူပြီး UMSမင်းရဲသိင်္ခသူ လို့အမည်သစ်ထပ်မံပေးခဲ့ပြီး လွန်ခဲ့တဲ့အပတ်တွေက ရေတပ်စစ်ရေးလေ့ကျင့်မှုမှာထုတ်ဖော်ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံစစ်တပ်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရေတပ်ရဲ့
အဆင့်အတန်းကိုတိုးမြှင့်ဖို့ ရေငုတ်သင်္ဘောတွေကို အဆင်ပြေချောမွေ့စွာသုံးစွဲရမယ်။ကျွန်တော်တို့ရေငုတ်သင်္ဘောပိုင်ဆိုင်ဖို့ဆုံးဖြတ်ထားတာဆယ်စုနှစ်ပေါင်းများစွာကြာပြီလို့
သူရဲ့ဝက်ဘ်ဆိုက်မှာရေးသားထားပါတယ်။
အောက်တိုဘာ၄-၅ရက်မှာ
အိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်
မန်နော့ဂ်ျ မူကန် နာရာဗန်နေ နဲ့ နိုင်ငံခြားရေး
အတွင်းရေးမှူး ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာတို့
မြန်မာနိုင်ငံကို ရောက်လာပြီးတဲ့နောက်မှာဒီ
ကြေညာချက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်း
အောင်လှိုင်တို့ နှစ်ယောက်စလုံးကို တွေ့ဆုံ
ဆွေးနွေးခဲ့ကြပါတယ်။စွမ်းရည်တည်ဆောက်မှု၊ကုန်သွယ်ရေးနဲ့နှစ်နိုင်ငံဆက်စပ်နေတဲ့စီမံကိန်းတွေပူးတွဲဆောင်ရွက်မှုတွေကို ခိုင်မာအောင် လုပ်ဆောင်ဖို့ ကြည်း၊ရေ၊လေ တပ်ဖွဲ့သုံးခုလုံးမှာ ကာကွယ်ရေးနဲ့ပတ်သက်ပြီး အပြန်အလှန်ဆက်ဆံရေးတွေဆောင်ရွက်ဖို့
အိန္ဒိယနဲ့မြန်မာ သဘောတူညီခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အိန္ဒိယ နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး၊၁၆၀၀ ကီလိုမီတာကျော် နယ်စပ်ချင်းထိစပ်နေပါတယ်။ဘင်္ဂလားပင်လယ်အော်မှာနှစ်နိုင်ငံရေကြောင်းဆိုင်ရာနယ်နိမိတ်မျဉ်း ၇၂၅ ကီလိုမီတာ ရှိပါတယ်။နယူးဒေလီက မြန်မာနိုငံကို သူ့ရဲ့အရှေ့တောင်အာရှ ဂိတ်ပေါက်တခုအဖြစ်ရှုမြင်ထားပါတယ်။သူရဲ့အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်နဲ့အတူစီးပွါးရေးတိုးမြင့်ဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်။

 

https://asia.nikkei.com/Politics/International-relations/With-an-eye-on-China-India-gifts-submarine-to-Myanmar

 


Spread the love
  •  
  •  
  •  
  •  
  •  
  •