“ဒေါက်ဇော် Chat Box ပေါက်ကြား” ဆိုသောသတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းတုဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဒေါက်ဇော် Chat Box ပေါက်ကြား” ဆိုသောသတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းတုဖြစ်

“လူထုဟစ်တိုင်” Facebook Page တွင် ဖော်ပြထားသော “ဒေါက်ဇော် Chat Box ပေါက်ကြား” ဆိုသော သတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းတု သတင်းမှား ပို့စ်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က မန္တလေးသတင်းဂျာနယ်သို့ ယနေ့(ဇူလှိုင် ၁၄) မွန်းလွဲပိုင်းက ပြောကြားသည်။

 

“လူထုဟစ်တိုင်” Facebook Page မှာ တင်ထားသော “ဒေါက်ဇော် Chat Box ပေါက်ကြား” ဆိုတဲ့ သတင်းဟာ လုပ်ကြံဖန်တီးထားတာပါ။ သတင်းတု သတင်းမှား ပို့စ်သာဖြစ်ပါတယ်။”ဟု ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ရွေးကောက်ပွဲ အကြိုကာလ မရောက်မီပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား သတင်းတု၊ သတင်းမှားများ လုပ်ဆောင်ကာ ဆိုရှယ်မီဒီယာတွင် နိုင်ငံရေး အောက်လုံး ထိုးနှက်မှုများကို ခပ်စိတ်စိတ် တွေ့ရှိလာရကြောင်း လေ့လာသုံးသပ်သူများထံမှ သိရှိရသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •