ဒေါက်တာဇော်မြင့်မောင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွေ ပြန်တက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဒေါက်တာဇော်မြင့်မောင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွေ ပြန်တက်ပြီ ။

မန္တလေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းအစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၀)ကို ဇွန်လ ၁၅ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် တက်ရောက်ပြီး အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးက မန္တလေးတိုင်း ဒေသကြီးတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၈/၂၀၂၀)ကောက်နုတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား ဖတ်ကြားတင်ပြခြင်းကို ဆောင်ရွက် ပြီးနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှတာဝန်ရှိသူများက ယင်းကောက်နုတ်ချက်များ၊ တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကိုဖြည့်စွက်မှာကြား ခဲ့သည်။

တိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းအစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၀)သို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မိုးဟိန်းထွန်း
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •