ဒေါက်တာဇော်မြင့်မောင် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD(ဗဟို) ဒုတိယဥက္ကဋ္ဌ(၂)၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ကိုယ်စားလှယ်လောင်းလျှောက်လွှာ ယနေ့ တင်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ယနေ့(ဩဂုတ် ၂ ရက်) နံနက် ၉ နာရီခွဲအချိန်က သွားရောက်၍ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မန္တလေးခရိုင် အမရပမြို့နယ် မဲဆန္ဒနယ်(၁)မှ ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုဖြင့် သုံးကြိမ် အရွေးချယ်ခံထားရသူဖြစ်သည်။


#TheMandalayNewsJournal
#PonnyaSwe #2020Election


Spread the love
  •  
  •  
  •  
  •  
  •  
  •