ဒေါ်စန္ဒာမင်း လွှတ်‌တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်ခြင်းကိုပြန်လည်ရုတ်သိမ်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒေါ်စန္ဒာမင်း လွှတ်‌တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်ခြင်းကိုပြန်လည်ရုတ်သိမ်း

ဆိပ်ကြီးခနောင်တိုမြို့နယ်မှNLDပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းဟာကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ခြင်းကိုရုတ်သိမ်းလိုက်တယ်လို.သိရပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ်မှ ရုတ်သိမ်းကြောင်းကို လူကြီးများရဲ့လမ်းညွှန်ချက်ကြောင့်လို့ ဒေါ်စန္ဒာမင်းကိုယ်တိုင်လူမှုကွန်ယက်မှာရေးသားထားပါတယ်။

 

ဒေါ်စန္ဒာမင်းက ယခု လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း လျောက်လွှာတင်ထားခြင်းကို လူကြီးများရဲ့ လမ်းညွှန်ချက်အရ ရုတ်သိမ်းထားပါတယ်ဆိုတာ အသိပေးပါတယ်။
သို့သော် မိမိပါတီအောင်နိုင်ရေး မိမိမြို့နယ်အောင်နိုင်ရေး အတွက်ကိုတော့ ပါတီအပေါ်သစ္စာရှိစွာ အစွမ်းကုန်ကြိုးစားသွားမယ် ဆိုတာ လေးစားစွာ ဖြင့် အသိပေး အပ်ပါတယ်လို. ရေးသားထားပါတယ်။

ဒေါ်စန္ဒာမင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော် ဇမ္ဗူသီရိမြို.နယ်
ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၊၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •