ဒေါ်ထုမေ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် တသီးပုဂ္ဂလ ဝင်ရောက်အရွေးချယ်ခံမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက်

တသီးပုဂ္ဂလ ဝင်ရောက်အရွေးချယ်ခံမည်

ရခိုင်မိဘပြည်သူများအား လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

ကျမဒေါ်ထုမေသည် ၂၀၀၇ ခုနှစ်တွင် ရခိုင်ဒီမိုကရေအဖွဲ့ချုပ် ALD ပါတီသို့ ဝင်ရောက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ALD နှင့် RNDP ပူးပေါင်းကြသောအခါ ကျမမှာ ANP ပါတီဝင်ဖြစ်လာခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်ANP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲရပါသည်။

၂၀၁၆ နှစ် ANP နှင့် ALD ပါတီတို့ သီးသန့်စီရပ်တည်ကြသော အခါ ကျမမှာ ANP ပါတီမှထွက်စာတင်ပြီး မိမိ၏ မိခင်ပါတီ ALD ဘက်မှ ရပ်တည်ခဲ့ပါသည်။ သို့ရာတွင် ကျမမှာ ANP ပါတီမှ ထွက်ခွင့်မရရှိခဲ့ပါ။ ALD ပါတီသို့လည်း တရားဝင် ဝင်ရောက်ခွင့် မရရှိခဲ့ပါ။ ဤသို့အကျပ်အတည်းများကြောင့် မိမိမှာ မည်သည့်ပါတီကိုယ်စားလှယ် အဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်းကို မိဘပြည်သူများ သိရှိပြီး ဖြစ်မည်ဟုထင်ပါသည်။

မိမိမှာ ပြည်ထောင်စုလွှတ်တော်တွင် ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူများအကျိုးအတွက် ၅ နှစ်တာ အလုပ်အကျွေးပြုခဲ့ပြီးဖြစ်ပါသည်။ မိမိအနေဖြင့် ရခိုင်ပြည်သူအကျိုးကို ဆက်လက်သယ်ပိုးထမ်းဆောင်လိုသော နိုင်ငံရေးခံယူချက် ရှိသောကြောင့် လည်းကောင်း၊ နိုင်ငံရေးအဆက်မပြတ်ရအောင်လည်းကောင်း လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (တသီးပုဂ္ဂလ) အဖြစ် ဝင်ရောက်အရွေးချယ်ခံမည်ဟု ဆုံးဖြစ်လိုက်ပါသည်။

ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူတို့အကျိုးစီးပွါးကို အစဉ်ထာဝရဦးထိပ်ထားလျက်
ဒေါ်ထုမေ


Spread the love
  •  
  •  
  •  
  •  
  •  
  •