ဒေါ်လာ ၁၄၄ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်မှာမီးရှို.ဖျက်ဆီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန် မြို့၊ လှိုင်သာယာ မြို့နယ် ရှိ ရန်ကုန် အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်းမှာ အမေရိကန် ဒေါ်လာ ၁၄၄ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကိုမီးရှို.ဖျက်ဆီးခဲ့ပါတယ်။

အဲဒီ မီးရှို့ဖျက်ဆီးမှုမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ ဘိန်း ၄၆ ကီလို ကျော်၊ ဘိန်းဖြူ ၂၃ ကီလိုကျော်၊ စိတ်ကြွ ရှုးသွပ်ဆေးပြား ၄၇ သန်းခန့်၊ အိုက်စ် ၂,၉၈၂ ကီလိုကျော်၊ ဘိန်းစာမှုန့် ၃,၀၄၂ ကီလိုခန့်၊ ကတ်တမင်း ၅၁၅ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနဲ့ ဓာတုပစ္စည်း ၂ ၊ စုစုပေါင်း တန်ဖိုး မြန်မာ ငွေကျပ် ၂၀၈.၈၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၄၄ သန်းကျော်) ဖိုး ရှိတယ် လို့ အစိုးရ ကသတင်းထုတ်ပြန်ထားပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •