ဒေါ်အောင်ဆန်းစုကြည်ထံ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က သဝဏ်လွှာပေးပို့ဂုဏ်ပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲအောင်မြင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ထံကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က သဝဏ်လွှာပေးပို့ကာဂုဏ်ပြု
————————–
ပြုပြင်ပြောင်းလဲရေးတွင်ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို နားလည်ထားကြောင်းနှင့် ကုလသမဂ္ဂကခိုင်မာစွာထောက်ခံသွားမည်ဟုဆို
——————-
​နယူးယောက်၊နိုဝင်ဘာ၂၀ရက်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုက ရွေးကောက်ပွဲအောင်မြင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ဝမ်းမြောက်ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့ကာဂုဏ်ပြုလိုက်သည်ဟုသိရသည်။

အထွေထွေရွေးကောက်ပွဲအား ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့မှု၊ဆန္ဒမဲပေးသူဦးရေများပြားခဲ့မှု၊နိုင်ငံတော်အတိုင်ပင်ခံနှင့်NLDကို ပြည်သူများက လုပ်ပိုင်ခွင့်ဆက်လက်အပ်နှင်းပေးခဲ့မှု၊ပြည်သူများ၏ယုံကြည်မှုကို ရရှိခဲ့မှု စသည်တို့ကိုပါ မစ္စတာအန်တိုနီယိုကသဝဏ်လွှာထဲဖော်ပြရေးသားပြီး ချီးကျူးစကားဆိုခဲ့သည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင်ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို ၎င်းအနေဖြင့်နားလည်ထားကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ဒီမိုကရေစီထွန်းကားရေးအတွက်ကုလသမဂ္ဂကခိုင်မာစွာထောက်ခံသွားမည်ဟုလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုကဆိုခဲ့သည်။

ထို့နောက် ကုလသမဂ္ဂက မြန်မာအစိုးရနှင့်ပိုမိုခိုင်မာစွာမိတ်ဖက်ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာပြည်သူများအားဆက်လက်ကူညီပံ့ပိုးသွားမည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုကပြောဆိုခဲ့သေးသည်။

ကိုမင်း/Myanmar Harp


Spread the love
  •  
  •  
  •  
  •  
  •  
  •